အခန်း (1589 - 1590)

361 51 1
                                    

အခန်း (၁၅၈၉) : ပင်လယ်လိပ် စီးခြင်း

သူတို့က အတူတူရှိတဲ့အချိန် နည်းသော်လည်း အော်ရီတင် နဇိုင်းရယ်သို့ ပြန်ရောက်တိုင်း နဇိုင်းရယ်က ပြဿနာတွေကို ဘယ်လိုဖြေရှင်းနေလဲဆိုတာ ဖေးလွေ့ကို မေးနေကြ ဖြစ်သည်။ ဖေးလွေ့ကို အနိုင်ကျင့်တဲ့သူရှိပါက ဒီကျားဖြူ၏ သတိပေးခြင်းကို ခံရမည် ဖြစ်သည်။

ထို့ကြောင့် နဇိုင်းရယ်ရှိ ဖေးလွေ့ထက် အဆင့်မြင့်တဲ့သူတွေတောင် ဖေးလွေ့ကို အာမခံရဲကြပေ။ ထို့အပြင် ဂူမန်မန်က ဖေးလွေ့ကို မိသားစုဝင်အဖြစ် သတ်မှတ်တော့မှာမလို့ အော်ရီတင်ကို ခဏစောင့်ရှောက်ခိုင်းထားသည်ဆိုသော ကောလဟာလလည်း ရှိသေးသည်။ အဲဒီသတင်းတွေကြောင့် နဇိုင်းရယ်မှာ ဖေးလွေ့၏ အဆင့်က ဂူမန်မန်၏ တရားမဝင် မိသားစုအဖြစ် သတ်မှတ်ခံထားရသည်။

ဒီကိစ္စတွေကို ဂူမန်မန် မသိပေ။ သူမသာ သိခဲ့ပါက ကျယ်လောင်စွာ အော်ဟစ်ရင်း ရယ်နေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အော်ရီတင် ဖေးလွေ့ကို ကြင်ကြင်နာနာ ဆက်ဆံနေရသည့်အကြောင်းရင်းက ဖေးလွေ့က အရသာရှိသော ပင်လယ်စာတွေကို အမြဲယူလာပေးနေသောကြောင့်ပင် ဖြစ်သည်။

အကုန်လုံး ရေအောက်ထဲ ဝင်သွားပြီးနောက်မှာတော့ မယ်လင်ဒါက ပင်လယ်လိပ်တွေကို ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်သည်။ အကြီးဆုံး ပင်လယ်လိပ်က ရွက်လှေအသေးစားလောက်အထိ ကြီးမားသည်။ အဲဒီလိပ်၏ တစ်ဖက်တစ်ချပ်တွင် ပင်လယ်လိပ် အကောင်၂၀စီက စီတန်းလိုက်ပါနေကြသည်။ အငယ်ဆုံး ပင်လယ်လိပ်ပင် ဂူမန်မန်၏ လက်ဖဝါးလောက် ရှိသည်။ အဲဒီအကောင်လေးက ဂူမန်မန်ကို စိုက်ကြည့်နေသည်။

“ ပင်လယ်လိပ်တွေရဲ့ ကျောပြင်က ပိုပြီးကျယ်သလို ရေကူးရင်လည်း ငြိမ်နေတာပဲ။ တမန်တော် စီးလို့အဆင်ပြေမှာပါ” မယ်လင်ဒါက ဂူမန်မန်၏ ဗိုက်ကိုကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

ဂူမန်မန်ကို အဲလ်ဗစ်က ချီထားသည့်အတွက် လက်တစ်ဖက်က အဲလ်ဗစ်ကို ဖက်ထားရင်း ကျန်တစ်ဖက်က သူမရဲ့ဗိုက်ကိုကို င်ထားသည်။ ပင်လယ်လိပ်ပေါ်မှာ နေရာယူပြီး မယ်လင်ဒါကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

ရှောင်မန် (1395 - final) CompletedTahanan ng mga kuwento. Tumuklas ngayon