အခန်း (၁၄၁၅) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ
ဂူမန်မန်က စနိတ်ခ်၏ လက်ကိုကိုင်ကာ တွေဝေစွာဖြင့် ပြောလိုက်သည်
“ ကျမ ဒီနေ့….ကျမ မပြန်လို့မရဘူးလား”
စနိတ်ခ်က ဂူမန်မန်ကိုကြည့်ကာ နူးညံ့စွာ မေးလိုက်သည်
“ မင်းက အိမ်မပြန်ချင်ဘူးဆိုတော့ ဘယ်သွားချင်လို့လဲ”
ဂူမန်မန်က မျက်လွှာချကာ ပြောလိုက်သည်
“ ကျမ တစ်ညလောက် အဆောင်မှာ နေချင်တယ်…..”
“ မရဘူး” စနိတ်ခ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ကိုယ် မိန်းကလေးအဆောင်မှာ လိုက်နေဖို့ အဆင်မပြေဘူးလေ”
ဂူမန်မန် ခဏကြောင်သွားပြီးမှ ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ကျမ ဆိုလိုတာက အဆောင်မှာ ပိုင်လန်နဲ့ တစ်ညလောက် သွားနေချင်တယ်လို့ ပြောတာ”
စနိတ်က စိတ်မကောင်းဖြစ်သည့်ပုံစံဖြင့် သူမရဲ့မေးစေ့လေးကို ပင့်တင်ကာ ပြောလိုက်သည်
“ မင်းက ကိုယ့်ကို ထားသွားပြီးတော့ တစ်ခြားတစ်ယောက်နဲ့ သွားအိပ်မယ်လို့ ဆိုလိုချင်တာလား”
အဲ့ဒီစကားကို ကြားရတာ ဘာကြောင့် ထူးဆန်းနေတာပါလိမ့်
“ ပိုင်လန်က မိန်းကလေးနော်” ဂူမန်မန်က ရေရွတ်လိုက်သည်။
သို့သော် စနိတ်ခ်က အေးစက်စွာ ပြန်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြန်သည်
“ မိန်းကလေးဆိုတာနဲ့ပဲ ကိုယ့်ကောင်မလေးကို ဖက်ချင်တိုင်း ဖက်လို့ ရတယ်လား”
သူမနဲ့ ပိုင်လန်က ရိုးရိုးသားသားပါပဲ။ ဒါပေမဲ့ စနိတ်ခ်ပြောနေတာက တစ်မျိုးပဲ…..”
“ ကျမ….ကျမ ဒီနေ့ နည်းနည်း နေလို့မကောင်းဘူး။ အဲ့တာကြောင့် ပိုင်လန်ဆီမှာ ရင်ဖွင့်ချင်လို့….”
စနိတ်ခ်က ဂူမန်မန်ကို ဆွဲကာ ရင်ခွင်ထဲသို့ ထည့်လိုက်ရင်း ပြောသည်
“ မင်းစိတ်ထဲမှာရှိနေတဲ့ အကြောင်းကို ကိုယ့်ကိုတော့ ပြောမပြပဲနဲ့ တစ်ခြားသူတွေကိုတော့ ပြောပြမယ်ပေါ့ ဟုတ်လား။ ဂူမန်မန် မင်းက ဘယ်သူ့ကောင်မလေးလဲ ဟမ်”