အခန်း (1663 - 1664)

297 44 3
                                    

အခန်း (၁၆၆၃) : အမျိုးသမီးတွေကို ဆွဲဆောင်နိုင်စွမ်းရှိပြီးတော့ ဘယ်နေရာမှာပဲနေနေ ကျမကို စိတ်မအေးအောင်လုပ်တယ်

“ ဒါပေမဲ့ ကျမ မကြိုက်ဘူး” ဂူမန်မန်က အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်

“ ကျမတို့ ‘S’ နိုင်ငံတော်မှာ ရှိတုန်းကတော့ ရှင်တို့က နိုင်ငံခြားသားလိုမျိုး ရုပ်ရည်ရှိလို့ တစ်ခြားသူတွေ အာရုံစိုက်တာကို ခံခဲ့ရတာလို့ ထင်ခဲ့တာ။ ရှင်တို့ အမြဲတမ်း လိုက်ကပ်နေတဲ့ မိန်းကလေးတွေရှိလို့ ကျမက ‘F’ နိုင်ငံကို လာဖို့ ဆုံးဖြတ်ခဲ့တာ။ ရှင်တို့က ဒီက လူတွေနဲ့ ရုပ်ရည်တူတဲ့အတွက် အမျိုးသမီးတွေက လိုက်မကပ်လောက်တော့ဘူးလို့ ကျမ တွေးခဲ့မိတယ်။ ရှင်တို့ဆီမှာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်စွမ်း ရှိပြီးတော့ ကျမကို ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်မအေးအောင် လုပ်တယ်ဆိုတာတော့ ဘယ်သူသိနိုင်မလဲ”

လီရာက အဲလ်ဗစ်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်

“ မန်မန် ကိုယ်ကတော့ ရိုးသားပါတယ်။ ကိုယ့်ရဲ့ ဆေးအဖွဲ့ထဲက အမျိုးသမီးတွေကို ထုတ်ပစ်လိုက်တာလည်း ကြာပြီ။ ကိုယ် ခွဲစိတ်စစ်ဆေးတဲ့ အလောင်းတောင် အမျိုးသားတွေချည်းပဲ။ ကိုယ့်ကို တစ်ခြားအမျိုးသမီးတွေထိတာကို ကိုယ့်ရဲ့မန်မန်လေး မကြိုက်မှန်း သိတယ်လေ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပြီး အဲဒီမိန်းမတွေ ကိုယ့်အနားတောင် ကပ်လို့မရအောင် လုပ်ထားလိုက်တာ”

လီရာက ပြောရင်း သားရဲနားရွက်လေးတွေကို ထုတ်ပေးကာ ဂူမန်မန်၏ လက်ကို ပွတ်သပ်ရင်း ဂူမန်မန် ချီးကျူးမှာကို စောင့်နေသည်။

ဂူမန်မန်ကလည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ‘ရှင်က အလိမ္မာဆုံးပဲ’ဆိုသည့် မျက်နှာထားဖြင့် သူ၏ နားရွက်တွေကို ပွတ်ပေးနေသည်။ ထိုအပြုအမူလေးက လီရာ၏ နှလုံးသားကို ပျော်ရွှင်မှုပေးပြီး မြေခွေးဆွဲဆောင်ရနံ့ပင် ထုတ်လွှတ်စေသည်။

စနိတ်ခ်က မျက်မှောင်ကြုတ်ကာ လီရာ၏ ဂုတ်မှ ကိုင်မြှောက်ပြီး လှေ၏ တစ်ခြားတစ်ဖက်သို့ ပစ်ထုတ်ကာ အေးစက်စွာ ပြောလိုက်သည်

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now