အခန်း (1451 - 1452)

353 41 1
                                    

အခန်း (၁၄၅၁) : ကျတော့် အသက်က တန်ဖိုးရှိပေမဲ့ ကျတော်က ဒေါသထွက်လွယ်တယ်နော်

ချီရွှမ်က ခေါင်းယမ်းပြကာ ပြုံးပြရင်း ဆက်ပြောလိုက်သည်

“ ခင်ဗျားက ကျတော် ပြောထားတဲ့ စကားတွေကို စိတ်ထဲမှတ်မထားဘူးပဲ။ ဒီကမ္ဘာမှာ ကျတော့်မာမီတစ်ယောက်ထဲကိုပဲ ကျတော် ဂရုစိုက်တယ်လို့ ပြောခဲ့တယ်လေ။ ကျတော့် မာမီ အဆင်ပြေနေသ၍ တစ်ခြားသူတွေ သေသေရှင်ရှင် စိတ်မဝင်စားသလို ကျတော်ကိုယ်တိုင် သေသွားရင်လည်း ရတယ်”

သူလျှောက်ပြောနေတာဟု ကိုးလ်ကို မထင်စေချင်သောကြောင့် ချီရွှမ်က ပြောနေရင်း ချွန်ထက်သော လက်သည်းတွေကိုထုတ်ကာ ကိုယ့်လည်ပင်းကို ချိန်ရွယ်ထားလိုက်သည်။

ကိုးလ်က ချီရွှမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်

“ မင်း တစ်ခါထဲသေသွားပြီးတော့ မင်းမာမီငိုမှာ မစိုးရိမ်ဘူးလား”

ချီရွှမ်က ရယ်မောကာ ပြောလိုက်သည်

“ ခင်ဗျား အခုထိ အခြေအနေကို သဘောမပေါက်သေးဘူးလား။ ကျတော့်အမေက နှလုံးသားနူးညံ့သူမလို့ ကျတော့်ကိုအသုံးချပြီး သူမကို ခြိမ်းခြောက်လို့ရနိုင်ပေမဲ့ ကျတော့်ကိုတော့ ဒါမျိုး လာလုပ်လို့မရဘူး ဘာလို့လဲဆိုတော့…

ကျတော် သေသွားရင် ကျတော့်မာမီက ငိုမှာဆိုပေမဲ့ ကျတော်က အဲ့တာကို မြင်စရာ မလိုတော့ဘူးလေ အဲ့တာကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နာကျင်မဲ့သူက ကျတော့်အဖေနဲ့ ဒယ်ဒီလီရာပဲလေ။ ကိုယ့်ကိုယ်ကို အသုံးချပြီးတော့ မြေခွေးဘုရင်ဖြစ်တဲ့ခင်ဗျားကို သေအောင်လုပ်နိုင်မယ်ဆိုရင်တော့ တန်တယ်လို့ ယူဆတယ်”

“ မင်း…အိပ်မက်သာ….ဆက်မက်နေလိုက်….” ကိုးလ်က တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်သည်။

ချီရွှမ်က ကိုးလ်ရဲ့ လက်ကိုပုတ်ချကာ ပြောလိုက်သည်

“ တွေ့လား….အဲ့တာ ခင်ဗျားနဲ့ကျုပ်ရဲ့ ကွာခြားချက်ပဲ။ ကျတော်က သေရမှာ မကြောက်လို့ ခင်ဗျားသေသွားမှာကိုလည်း မစိုးရိမ်ဘူး။ ဒါပေမဲ့ ခင်ဗျားက လုပ်ချင်တာတွေအများကြီးရှိသေးတော့ သေရမှာ ကြောက်သလို ကျတော်သေသွားမှာကိုလည်း စိုးရိမ်နေပုံပဲနော်။ ခင်ဗျားက အခု ကျတော့် မသတ်နိုင်ရုံတင်မကဘူး…သတ်သေမသွားအောင် စောင့်ကြည့်ရမယ်၊ ကာကွယ်ပေးရမယ်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now