အခန်း (1687 - 1688)

266 43 0
                                    

အခန်း (၁၆၈၇) : သူက မင်းရဲ့အကြည့်လေးတစ်ချက်ကို ဖမ်းစားချင်ရုံပါ

လီရာ ပြောပြီးသွားတာနဲ့ ဂူမန်မန်ကလည်း ကိုးလ်ကို ကြည့်ကာ သူ ဖြေပေးမှာကို စောင့်နေသည်။

ကိုးလ်က လူကြီးလူကောင်းဆန်သော အပြုံးဖြင့် ပြောလိုက်သည်

“ သူက ဒီကိုရောက်နေတာ ဝံပုလွေဘုရင်ကြောင့် ဖြစ်လိမ့်မယ်”

ဂူမန်မန်က အဲလ်ဗစ်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်

“ သူက အမိန့်ပေးခံရတာကို စွဲလမ်းနေတာ ဖြစ်မယ် ထင်တယ်”

နဇိုင်းရယ်ကို တည်ထောင်ပြီးကတည်းက ဘာရီတီက အဲလ်ဗစ်နောက်ကို တကောက်ကောက်လိုက်နေခြင်း ဖြစ်သည်။

ဂူမန်မန်နှင့် ပတ်သက်သော ကိစ္စများအပြင် ဘာရီတီက သူ၏ ခေါင်းဆောင်အဲလ်ဗစ်ကို အသိအမှတ်ပြုမှု အမြင့်ဆုံးနေရာမှာ ထားထားသည်။

ဂူမန်မန် ခေါင်းညိတ်ပြကာ ညွှန်ကြားလိုက်သည်

“ ဒါဆိုလည်း အခြေအနေတိုင်း ကြည့်ကြပ်လုပ်ပြီးတော့ သက်ညှာပေးလိုက်ပါ”

“ အင်းပါ” အဲလ်ဗစ်က ဂူမန်မန်၏ နဖူးလေးပေါ်အနမ်းခြွေကာ ပြင်ဆင်ဖို့အတွက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

ယခင်တစ်ခေါက် အဲလ်ဗစ်က ခွန့်တ်ကို ပြင်းထန်စွာ နှိပ်စက်လိုက်သည့်အတွက် ပရိသတ်၏ ရူးသွပ်မှုက ယခင်ကထက် ပိုလာသည်။ အဲလ်ဗစ်ကို မြင်လိုက်တာနဲ့ အားပေးသံတွေ ချက်ချင်း ထွက်ပေါ်လာသည်။

ဂူမန်မန်က ပြတင်းပေါက်ဘေးမှာရပ်ကာ စင်ပေါ်သို့ ကြည့်နေသည်။

ဘာရီတီ ထွက်ပေါ်လာပြီးနောက် ပရိသတ်၏ အကြည့်နှင့် အားပေးမှုတို့၏ ရည်ရွယ်ချက်ကို ဂူမန်မန် သေချာခံစားလိုက်မိသည်။ အားပေးမှုတို့ မပါဝင်ပဲ သူ့ကို အဲလ်ဗစ်၏ လက်ထဲမှာ စုတ်ပြတ်သတ်သွားစေချင်သည့် စိတ်လှုပ်ရှားမှုတို့သာ ပါဝင်သည်။

သူတို့၏ အကြည့်တွေမှာ ရက်စက်မှုတွေ ပြည့်နှက်နေသည်။ သူတို့ပိုပြီး စိတ်လှုပ်ရှားလာလေ‌လေ သူက ပိုပြီးတော့ သနားစရာ ကောင်းလာလေလေ ဖြစ်သည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now