အခန်း (၁၅၀၇) : သူ အဆင်ပြေနေသ၍ သမီးလည်း စိတ်အေးပါတယ်
ပိတ်ကားချပ်က လင်းသွားကာ သူတို့ရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဂူမန်မန်က သားရဲနတ်ဘုရားကိုကြည့်ကာ ကူကယ်ရာမဲ့စွာရယ်ရင်း ပြောလိုက်သည်
“ ဒါဆို သူမက သူ့မိဘတွေနဲ့ တွေ့ပြီးပြီပေါ့။ နောက်ထပ် လာမဲ့တစ်ပိုင်းက သူတို့လက်ထပ်တဲ့ အပိုင်းလို့တော့ မဟုတ်ပါဘူးနော်”
သားရဲနတ်ဘုရားက ပုခုံးကိုတွန့်ပြကာ ပြောလိုက်သည်
“ မပြောတတ်ဘူးလေ”
ဂူမန်မန်က ခေါင်းအသာယမ်းရင်း ပြောလိုက်သည်
“ အခု သမီးတို့ ဇာတ်လမ်းတွဲ ကြည့်ပြီးပြီဆိုတော့ ဒယ်ဒီက သမီးရဲ့မေးခွန်းကို ဖြေပေးရမဲ့အချိန် ရောက်ပြီနော်”
သားရဲနတ်ဘုရားက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ မေးလေ”
ဂူမန်မန်က မေးလိုက်သည်
“ ဒဏ္ဌာရီက မှန်တယ်ဆိုရင် မော့တိုတောင်က စနိတ်ခ်အဖေရဲ့ ပုံသဏ္ဌာန်ရှိတာဆိုတာ ဟုတ်လား”
သားရဲနတ်ဘုရားက ခေါင်းညိတ်ပြလိုက်သည်။
ဂူမန်မန်က ဆက်ပြီးမေးလိုက်သည်
“ ဒါဆို စနိတ်ခ်ရဲ့အဖေနဲ့ ချီးထုပ်လေးတို့ကြားမှ ဘယ်လိုပတ်သက်မှုမျိုး ရှိနေတာလဲ။ ချီးထုပ်လေးက မော့တိုတောင်ကို တစ်ခါမှမရောက်ဖူးဘူးလို့ပြောပေမဲ့လည်း ဘာလို့ မြွေတွေသွားတဲ့ လမ်းကြောင်းရှိတဲ့ ဂူကို သိနေရတာလဲ။
အဲလ်ဗစ်ပြောတာကတော့ တောင်နဲ့နီးလာလေလေ သူ့ကို ထိန်းလို့မရတော့လေလေပဲတဲ့။ ပြီးတော့ တစ်စုံတစ်ခုက သူ့ကိုခေါ်နေသလိုပဲလို့လည်း ပြောသွားသေးတယ်တဲ့….”
သားရဲနတ်ဘုရားက တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်
“ သူ ပြန်လာမှ သူ့ကို မေးလိုက်နော် ဟုတ်ပြီလား”
ဂူမန်မန်က ပြုံးပြကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ သူ အဆင်ပြေနေသ၍ သမီးလည်း စိတ်အေးပါတယ်”