အခန်း (1513 - 1514)

355 42 2
                                    

အခန်း (၁၅၁၃) : မိသားစုရဲ့ပထမဆုံးစည်းမျဉ်းက အမျိုးသားတွေ အနေနဲ့ ကျိန်ဆိုပြောခွင့်မရှိဘူး

ဂူမန်မန် ခေါင်းပင် ကိုက်လာရသည်။

သူမရဲ့သားတွေကို ဘာလို့ သူမကိုယ်တိုင် အဲလ်ဗစ်က မသွန်သင်ခိုင်းလဲဆိုတာကို အခုမှ သူမ သဘောပေါက်သွားရသည်။

သူမသာ ဆက်လက် သွန်သင်နေမည်ဆိုပါက သူမရဲ့သားတွေက ဇာတ်ညွှန်း ဖတ်စရာပင်မလိုပဲ ‘နန်းတော်ထဲမှ ဧကရီများ’ဆိုတဲ့ ဇာတ်လမ်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သည်အထိ ဖြစ်သွားမှာ သေချာသည်။

“ သား…..”

ကျာလွဲ့က ထက်မြက်သော်လည်း တစ်ခြားသူတွေရဲ့မျက်နှာထားကို အကဲခတ်သည့်နေရာမှာတော့ ချီရွှမ်လောက် မတော်ပေ။

သူက ချောင်းဟန့်ကာ ဆက်ပြောနေသည်

“ မာမီ စိတ်မဆိုးပါနဲ့နော်။ ကျတော်က ယောက္ခမကို ငါးစာအဖြစ် ထားပြီးတော့ အကွက်ချတာ မဟုတ်ရပါဘူး။ မာမီ ခရီးသွားနေတုန်း မျိုးနွယ်စုထဲမှာ ပြဿနာဖြစ်လာမှာကို စိုးရိမ်လို့ပါ။

အဲတာကြောင့် အကုန်လုံးကို ထိန်းချုပ်ဖို့အတွက် ဒီနည်းလမ်းကို သုံးခဲ့တာ။ ဒုတိယအစ်ကိုက ကိုးလ်ကို ခြိမ်းခြောက်ဖို့အတွက် သူ့အသက်ကို အသုံးချခဲ့တာ ဒါပေမဲ့ ကိုးလ် ဘာမှမလုပ်ရသေးတဲ့ အခြေအနေမှာတောင် ဝံပုလွေမျိုးနွယ်စုနဲ့ နှင်းမြေခွေးမျိုးနွယ်စုက တိုက်ခိုက်ချင်နေကြတာလေ။ အဲလိုမျိုး တိုက်ခိုက်လိုက်ရင် နှစ်ဖက်လုံး အထိနာကြမှာပဲ။

အဲ့တာက မျိုးနွယ်စုနှစ်ခုကြားက တိုက်ပွဲတင် မဟုတ်ပဲ သားရဲဘုရင်နှစ်ယောက်ကြားက တိုက်ပွဲဆိုရင်လည်း ဟုတ်တယ်လေ။ မာမီက ဆာရူဒါမှာ ကျတော်နဲ့ အစ်ကိုအကြီးဆုံးကို စောင့်ကြည့်ခိုင်းထားတာလေ။ အဲဒါကြောင့် မာမီ ပြန်လာတဲ့အခါ ယူကျုံးမရ ဖြစ်စေမဲ့ ပုံရိပ်တွေကို မြင်ရအောင် မလုပ်ချင်ဘူး။ ပြီးတော့ ယောက္ခမရဲ့အသားပေးမှုကို ရဖို့အတွက် သူမအပေါ် ပိုပြီးကောင်းပေးဖို့အတွက်ပဲ ဝံပုလွေပါတနာခုနစ်ယောက်ကို ပြောခဲ့တာပါ။ ကျတော် တစ်ခြား ဘာမှမလုပ်ခဲ့ပါဘူး။ ကျတော် ကျိန်ဆိုရဲပါတယ်”

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now