"အရှေ့ဘက်ကုန်းမြေဒေသရဲ့ အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ ထန်းရွှမ်တော်ဝင်ဂိုဏ်းကြီးရဲ့ သရုပ်အမှန်က ဒီလိုလား..""အခုကိစ္စက လူတွေကို အနိုင်ကျင့်၊ဖိနှိပ်ရတာအားမရလို့ သမီးဖြစ်တဲ့သူကိုလည်းမချန် မီးတွင်းထဲခုန်ချခိုင်းတဲ့ ဆိုးယုတ်တဲ့ ကိစ္စရပ်ကြီးပဲ..။"
"နောက်ပြီးတော့ အစကနေပြီးအဆုံးထိ ထန်းရွှမ်းဂိုဏ်းကလူတွေအကုန်လုံးက မြင့်မြတ်သောသမီးတော်ရဲ့ စိတ်ရင်းဘယ်လိုရှိသလဲဆိုတာကိုလည်း မမေးကြဘူး..။"
"ဒီနေ့မှာတော့ ငါကပဲ ထန်းရွှမ်ဂိုဏ်းတပည့်သားဆိုတဲ့ ဂုဏ်ပုဒ်ကို စတေးပြီး သူမအတွက် တရားမျှတမှုကို တောင်းဆိုရမယ်...။"
"ဒီကနေ့မှစပြီး ရီချွန်ဆိုတဲ့ငါက ဒီမတရားတဲ့ကိစ္စအတွက် တစ်နေ့ပြန်ပေးဆပ်ခိုင်းလိမ့်မယ်ဆိုတာ ထန်းရွှမ်ဂိုဏ်းတစ်ခုလုံးက မြဲမြဲမှတ်ထားလိုက်.....။"
ခမ်းနားကျယ်ပြန့်လှသည့် ခန်းမဆောင်ကြီးထဲ၌ ထိုအသံကိုကြားလိုက်သည်နှင့် ခန်းမထဲရှိလူများ၏ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။အသံပိုင်ရှင်မှာ ခန့်ညားပြီး မဟုတ်မခံစိတ် အထင်းသားပေါ်လွင်နေသည့် ကြံခိုင်ပုံရသည့် လူရွယ်တစ်ဦး ဖြစ်၏။ထိုလူရွယ်မှာ တစ်စုံတစ်ခုကို မကျေနပ်သည့်အသွင်ရှိပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ထိုသူ၏ အမည်မှာ "ရီချွန်" ဖြစ်ပြီး ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးလည်း ဖြစ်၏။
"အတင့်ရဲလိုက်တာ။ အတွင်းစည်း
တပည့်အဆင့်ကများ ကြီးမြတ်တဲ့အရှင်ကို အာခံရဲတယ်...။ ""မင်းတော့ အသက်ရှင်ချင်နေရတာ ငြီးငွေ့နေပုံပဲ....။"
ထိုအချိန် အနီးရှိအရက်သောက်နေသည့် အကြီးအကဲတစ်ဦးမှ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ထိုအခါမှ ခန်းမအတွင်းရှိလူများစုက ဖြစ်စဥ်ကိုသဘောပေါက်စပြုလာ၏။အကြီးအကဲ၏ မျက်နှာတစ်ခုလုံးမှာ မဲမှောင်နေပြီး ရုပ်ဆိုးအကျဥ်းတန်လို့ နေသည်။ယခုဖြစ်ရပ်မှာ အရှေ့ဘက်ကုန်းမြေဒေသကြီး၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းစာရင်းဝင်ဖြစ်သည့် ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အဓိကခန်းမအတွင်းမှာပဲ အတွင်းစည်းတပည့်တစ်ဦး၏ ဖီဆန်မှုကို ကြုံနေရခြင်း ဖြစ်၏။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...