အပိုင်း (၁၀၆)"အခုလိုမျိုး တာအိုနတ်ဘုရားနန်းတော်အကြောင်းကိုပြောကြကြေးဆို ငါတို့တတွေ သခင်လေးဂူအကြောင်းကိုမေ့ထားလို့တော့ မဖြစ်ဘူး...။
"သခင်လေးဂူသာ တာအိုနတ်ဘုရားနန်းတော်မှာရှိနေသ၍ ဂိုဏ်းအသိီးသိီးကပါရမီရှင်တွေစုစည်းခဲ့ရင်တောင်မှ တာအိုနတ်ဘုရားနန်းတော်ကနေပြီး အကျိုးအမြတ်ကြီးကြီးမားမားမရနိုင်မှာကိုပဲ ငါစိုးရိမ်မိတယ်...။
ထိုစကားက အပြာရောင်ဆံပင်များရှိသည့် လူရွယ်တစ်ဦးက ခေါင်းခါယမ်းကာပြောလိုက်သည့်စကား ဖြစ်သည်။
ထိုသူ၏ကိုယ်ပေါ်မှ ထူးခြားသည့်အရှိန်အဝါနှင့် မျက်နှာပေါ်ကိုဖုံးအုပ်ထားသည့် ငါးကြေးခွံပမာ ကြေးခွံများကိုကြည့်ပြီး ကမ္ဘာဦးပင်လယ်မျိုးနွယ်စုထံမှဖြစ်မှန်း သိသာလှ၏။
သူ့စကားက လူများ၏စကားသံတွေကို တိတ်ဆိတ်သွားစေသည်။
အကြောင်းမှာ ထိုလူရွယ်ပြောသည့်အတိုင်း ဂူချန်းဂျီ၏အကြောင်းကို ဤနေရာတွင်ရှိနေသည့်လူတိုင်းက ကြားဖူးထားခြင်းရှိသောကြောင့် ဖြစ်သည်။
တာအိုနတ်ဘုရားနန်းတော်၏ အစစ်အမှန်တပည့်တစ်ဖြစ်လဲ အင်မော်ဂူမျိုးနွယ်စု၏ သခင်လေးဖြစ်သူ ဂူချန်းဂျီ...။
တစ်ဦးတည်းသော အလယ်အလတ်အင်ပါယာအဆင့်ကျင့်ကြံမှုရှိသည့် နတ်ဘုရားသားတော်...။
ဂူချန်းဂျီ၏ ဂုဏ်သတင်းများက အမှန်ပင် ကျော်ကြားလှပေ၏။
သူက သူ့လိုနတ်ဘုရားသားတော်တစ်ပါးဖြစ်သည့် ကြီးမြတ်သောချူအင်ပါယာပြည်ထောင်၏ မင်းသားချူဝူကျိကို လွယ်လွယ်အနိုင်ယူခဲ့သူ ဖြစ်သည်။
ဤအချက်နဲ့တင် ဂူချန်းဂျီက သူနဲ့ရွယ်တူပါရမီရှင်များ၏ အိမ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်းက ဂူချန်းဂျီကို မျိုးဆက်တစ်ခု၏ မရွေ့လျားနိုင်သည်တောင်ကြီးဟုအပင် သတ်မှတ်ထားသည်ကိုကြည့်ရုံဖြင့် လျှော့တွက်လို့ရနိုင်လူမျိုးတော့ မဟုတ်ပေ။
"နေစမ်းပါအုံး...။
"ငါကြားထားတဲ့သတင်းအရဆို မကြာသေးခင်ကပဲ သခင်လေးဂူက တာအိုနတ်ဘုရားနန်းတော် အကြီးအကဲချုပ်ကို စိတ်ဆိုးအောင်လုပ်ခဲ့တယ်ဆိုပဲ...။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...