ဗီလိန်တစ်ဦး၏ ကံကြမ္မာ
အပိုင်း (၁၇၆)
ဘာသာပြန်.လင်းသန့်
"လုံထန် တဲ့လား။အဲ့ဒီလူကရော ဘယ်သူလဲ။ဂူချန်းဂျီကို တစ်ယောက်မဟုတ်တစ်ယောက်ကတော့နေ့တိုင်းပြသနာရှာနေတော့တာပဲ''
မိုးကောင်းကင်ယံမှ နဂါးငွေ့တန်းသဖွယ် တဝေါဝေါစီးကျသောရေတံခွန်အောက်ရှိ ကျင့်ကြံခြင်းကျောက်ဆောင်ပေါ်မှ ဂူရှင်းအာ မတ်မတ်ထိုင်လိုက်သည်။
ဝတ်ရုံအောက်အနားစကို မကာ သွယ်လျသောခြေဖဝါးဗလာလေးများကို အောက်ရှိရေပြင်ထက်သို့ချလိုက်၏။ရေမျက်နှာပြင်ကိုခြေထောက်နှင့်ကန်ကာ ဆော့ကစားရင်း သူမအသွင်က အလွန်ပင် အေးချမ်းနေဟန်ရှိနေလေသည်။ရံဖန်ရံခါတွင် မနီးမဝေးတွင်ရှိနေသော မျက်လုံးနီမျောက်ဝံနက်အုပ်စုကိုလှမ်းလှမ်းကြည့်ကာ ၎င်းတို့ခေါင်းထဲတွင် ဘာများတွေးတောနေကြမလဲဟု သိလိုစိတ်ဖြစ်နေ၏။ယခုတွင်မူ ဂူရှင်းအာတစ်ယောက် သူမ၏ ကော့ညွတ်ရည်လျားသောမျက်ခုံးအစုံကိုကျုံ့ကာ တစ်ကိုယ်ထဲရေရွတ်ပြောဆိုနေလေသည်။''ဟွန့် ဂူချန်းဂျီဆိုတဲ့ ဗီလိန်ကောင်စုတ်မှာလည်း ဒီလိုနေ့မျိုးရှိလာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး''
ဟုတ်ပါသည်၊၊လုံထန်က ဂူချန်းဂျီကို စိန်ခေါ်လိုက်သည့် သတင်းအား သူမလည်း ကြားပြီးပြီ ဖြစ်သည်။
ဂူချန်းဂျီဟူသည့် သူများတကာကိုအမြဲဒုက္ခလိုက်ပေးနေတတ်သောလူသည် ယခုတွင်သူ့ကိုဒုက္ခရောက်စေချင်သောသူနှင့်ပက်ပင်းကြုံရလေပြီ ဖြစ်သည်။
သတင်းကြားကြားခြင်း ဂူရှင်းအာ၏တုန့်ပြန်မှုက သိပ်မကြာခင်ပဲ မပြန်လမ်းကိုကြွမြန်းတော့မည့် လုံထန်ဟူသောလူမိုက်အား သနားမိခြင်းသာပင်...။
သူမသည် ဂူချန်းဂျီ၏ အံ့မခန်းစွမ်းအားကိုမျက်မြင်တွေ့ပြီးသည့်နေ့မှစ၍ နောင်လာနောင်သားမျိုးဆက်သစ်များထဲတွင် မည်သူတစ်ဦးတစ်ယောက်မှဂူချန်းဂျီ၏ပြိုက်ဘက်ဖြစ်လာနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။သူမအရွယ်ရောက်လာသည်ထိ ဂူချန်းဂျီအား ယှဥ်ပြိုင်နိုင်မည်သူတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ချေ။
ČTEŠ
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Dobrodružnéဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...