လင်းချူဟန်စိတ်ထဲ မတင်မကျဖြစ်နေခဲ့၏။သူ့မစိတ်ထဲရှိ ရှုပ်ထွေးနေသည့်အရာများကို လင်းတန်အားမေးရန် အမှန်ပင်စိတ်ကူးရှိသည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမနှင့် ဂူချန်းဂျီတို့ အပြန်အလှန်ပြောနေချိန်၌ မူမမှန်မှုကို သတိထားမိသောကြောင့် ဖြစ်သည်။
ယခင်က ကျင့်ကြံမှုအပေါ် ပါရမီနည်းပါးပြီး အပျင်းထူသည့် လင်းတန်မှာ ဗြုန်းစားကြီးဆိုသလို ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။
"သူ့ရဲ့စရိုက်ကို ဘယ်လိုအရာကများ ပြောင်းလဲစေတာလဲ...?"
"ရုတ်တရပ်ကြီး ဘာလို့ ခေါင်းမာပြီး မာနကြီးသွားတတ်တာလဲ..?"
"ဘယ်ချိန်က မှော်ဆေးဖော်စပ်တာကို သင်လိုက်သလဲ....?"
"အကြီးအကဲတွေရဲ့ အမှားကိုထောက်ပြနိုင်သည့်ထိ တော်သွားတာလဲ...?"မေးခွန်းတွေက လင်းချူဟန်အတွေးထဲ ရစ်ဝဲနေခဲ့သည်။
"သူ့နောက်ကွယ်မှာ စွမ်းအားမြင့်တဲ့သူတစ်ယောက် သင်ကြားပေးနေခဲ့တာလား...?။"
"ဒါမှ မဟုတ်ရင်......"
ရုပ်တရက်ဆိုသလို လင်းချူဟန် တစ်စုံတစ်ခုကိုတွေးမိပြီး တုန်လှုပ်သွားရ၏။ သူမအတွေးတွေကို လျင်လျင်မြန်မြန်ပဲ ရပ်ဆိုင်းလိုက်ပြီး ထိုအကြောင်းကို ခေါင်းထဲမှထုပ်လိုက်သည်။
ထို့နောက် သက်ပြင်းကို ဖြည်းညင်းစွာချလိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ် အခုနေသူ စိတ်ဆိုးသွားပုံရတယ်။ မနက်ဖြန်ကျမှပဲ သူနေတဲ့နေရာကိုသွားပြီး သူဘာဖြစ်နေဆိုတာကို မေးမြန်းကြည့်ရမယ်" ဟု တွေးလိုက်သည်။
ထိုနောက် သူမနေထိုင်ရာသို့ ပြန်လာခဲ့သည်။ သူမမှာ အခြားသော ကိစ္စများ လုပ်ဖို့ရှိသေးတာ ဖြစ်သည်။
သူ့မ၏ တပည့်များ၏ ကျင့်ကြံမှုဆိုင်ရာ အသေးအဖွဲ့ ပြသနာလေးများ ဖြေရှင်းဖို့ စီစဥ်ရန်လိုသေးတာဖြစ်သည်။
တစ်ချိန်ထဲမှာပဲ ဂူချန်ဂျီ၏ ရုပ်သွင်ကို မြင်ယောင်လာပြီး နောက်တစ်နေ့တွင် တွေ့မည့်အရေးကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့၏။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...