လင်းတန်ကဲ့သို့ နတ်ဘုရင်တပါး၏ဝိဥာဏ်ကို အင်မော်တယ်ဝါးမြိုခြင်းနတ်ဆိုးမှော်အတတ်ကိုသုံးပြီး စုပ်ယူခဲ့သော်လည်း ဂူချန်းဂျီ၌ မည်သည့်ပြသနာမျိုးကိုမှ ကြုံရခြင်းမရှိခဲ့ချေ။ဂူချန်းဂျီ မျက်လုံးတွေကိုမှိတ်ထားပြီး လင်းတန်၏ဝိဥာဏ်စွမ်းအားများကို အရသာခံနေသည်။
တစ်ချိန်ထဲမှာပင်...။ ၎င်းထံမှပါဝင်သည့် မှတ်ဥာဏ်အစိတ်အပိုင်းများကိုလည်း ကြည့်ရှုလိုက်သည်။
လင်းတန်လိုအမှိုက်ကောင်တစ်ဦးထံသို့ ပြန်လည်ဝင်စားခဲ့သည့် တစ်ချိန်ကကြီးက်ခမ်းနားသည့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ အကြီးမားဆုံးမှီခိုအားထားရာမှာ ယခင်ဘဝကမှတ်ဥာဏ်များပင် ဖြစ်သည်။
ထိုမှတ်ဥာဏ်များ၊အတွေ့အကြုံများမှလွဲပြီး သူ့ထံ၌အဖိုးတန်သည့်မည်သည့်အရာမှ ရှိမနေခဲ့ချေ။
ယခုတွင်မှု ထိုအရာများမှာ ဂူချန်းဂျီ၏ လက်တွင်း၌ သက်ဆင်းသွားရသည်။
"အင်မော်တယ်ဝါးမြိုခြင်း နတ်ဆိုးမှော်ပညာရပ်"သည် အမည်နှင့်လိုက်ဖက်အောင်ပဲ အခြားသူများ၏ မှုလရင်းမြစ်များသာမက အရာအရာတိုင်းကို စုပ်ယူဝါးမြိုနိုင်သည့် အစွမ်းရှိသည်။
လင်းချူဟန်ကိုအပြင်ဘက်၌ စောင့်နေခဲ့ရန် ဂူချန်ဂျီပြောလိုက်ခြင်း၏ ရည်ရွယ်ချက်အမှန်က ထိုမှော်ပညာရပ်ကို မည်သူမှ သိရှိမည်ကို မလိုလားသောကြောင့် ဖြစ်သည်။
ဤသည်မှာ ဂူချန်းဂျီ၏ အကြီးမားဆုံး လျိုဝှက်ချက်တစ်ခုဟု ဆိုနိုင်၏။
အထက်ဘုံတွင် လူတစ်ဦး၏ စိတ်ဝိဥာဏ်ကို ရှာဖွေနိုင်သည့်နည်းစနစ်မျိုး များပြားစွာရှိတာ ဖြစ်သည်။
ထို့ကြောင့် တစ်ယောက်တစ်ယောက်က သူ့၏လျို့ဝှက်ချက်ကို သိရှိသွားပါက ဂူချန်းဂျီနောက်ကျောလုံစွာနေနိုင်တော့မည် မဟုတ်ချေ။
"အုပ်ချုပ်သူနတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ မှုလဝိဥာဏ်ကိုဝါးမြိုလိုက်ရတဲ့ခံစားမှုက ဘာနဲ့မှကိုမလဲနိုင်ဘူးပဲ....။"
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...