အပိုင်း ၅၄

615 62 0
                                    

"လူကြီးမင်း..ကျေးဇူးပြုပြီး ငှဲ့ညှာပေးပါ...။"

"ကျန်တော်တို့မှာ မျက်လုံးပါပေမယ့် လူကြီးမင်းလိုဂုဏ်သရေကြီးမြင့်သူတစ်ယောက်ကို မမြင်နိုင်ခဲ့ပါဘူး..။"

"အခုလို မရည်ရွယ်ပဲအပြစ်ကျူးလွန်ခဲ့တာကို ခွင့်လွှတ်ပေးပါလို့   တောင်းပန်ချင်ပါတယ်....။ "

အစောပိုင်းကပင် သွေးနားထင်ရောက်နေခဲ့ကြသည့် နတ်ဘုရားတောင်တန်းဒေသလူများမှာ ယခုမှာတော့ မြေကြီးပေါ်၌ ပြားပြားဝပ်နေကြကာ ငိုယိုတောင်းပန်လို့ နေသည်။

မသိပါက သားသတ်သမားလက်တွင်းမှ လွှတ်မြောက်ဖို့တောင်းခံနေသည့် သိုးငယ်လေးများပမာ ဖြစ်သည်။

၎င်းတို့၏ မောက်မာခက်ထန်သည့်အသွင်က အစအနပင် ရှာမရတော့ချေ။

လင်းမိသားစုဝင်များမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထဲ၌ပန်းများဖူးပွင့်လာခဲ့သလို ခံစားနေရ၏။

မည်မျှပင် နောက်ခံအင်အားကြီးနေခဲ့လူဖြစ်နေခဲ့ပါစေ..။

အရှင်ငယ်ဂူခြေရင်း၌ ဝပ်ဆင်းရမြဲပင် မဟုတ်ချေလော..။

"ဘယ်လို ဖြစ်သွားရတာလဲ...?။"

ရီလျူလွီ၏ မျက်နှာအမှုယာပျက်ယွင်းသွားရ၏။

ကျောက်စိမ်းပမာ ဖြူသွယ်လှသောလက်က သူမ၏ဓားကို တင်းတင်းဆုတ်ထားမိ၏။

သူမသည် ငတုံးတစ်ယောက်မဟုတ်ပေ။

တစ်ဖက်​မှဆိုလျှင် သူမသည် ရွယ်တူများကြားတွင် ဥာဏ်ကောင်းသောသူတစ်ယောက် ဖြစ်သည်။

ဂူချန်းဂျီနှင့် ဒေါလေးယွဲ့တို့ကြား ပြောဆိုနေသည့်အရာများကို ကြားလိုက်သည်နှင့် သူမတစ်ခုသဘောပေါက်သွားခဲ့သည်။

၎င်းမှာ ဂူချန်းဂျီက သူမထက်ပိုမြင့်သည့်အဆင့်တန်းတွင် ရှိနေခြင်းပင် ဖြစ်သည်။

သူမသည် အထက်ဘုံရှိ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ အချစ်ဆုံးသမီးဖြစ်သော်ငြားလည်း တစ်ဦးတည်းသောသမီးတော့ မဟုတ်ပေ။

ဂူချန်းဂျီမှာမှု ရှေးဟောင်းအင်မော်တယ်ဂူမျိုးနွယ်စုခေါင်းဆောင်၏ တစ်ဦးတည်းသော အမွေဆက်ခံမည့်သားတစ်ယောက်ဖြစ်ပေသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz