အလျိုလျို ထွက်သွားရန်ပြင်နေသည့် လင်းမိသားစုများထဲမှ လင်းချူဟန်ကို ဂူချန်းဂျီ တစ်စုံတစ်ရာတွေးမိပြီး တားလိုက်၏။
"သခင်လေးဂူ...."
ဂူချန်းဂျီ၏ ရုတ်တစ်ရပ်အပြုအမှုကြောင့် လင်းချူဟန် မှင်သက်သွားရ၏။
သူမနှလုံးသားတစ်ခုလုံး ယုန်တစ်ကောင်သဖွယ် ခုန်ပေါက်နေသည်ဟု ခံစားလိုက်ရသည့်အပြင် မျက်နှာပြင်မှာလည်း နီရဲလာတော့သည်။"သခင်လေးဂူ ဘာလို့ ဒီလောက်များတဲ့ လူတွေရှေ့မှာ နေခဲ့ဖို့ပြောရတာလဲ...?။"
"သခင်လေးဂူငါ့ကို တစ်ခုခုပြောစရာများ ရှိနေတာလား...?။@
"ဒါမှမဟုတ် သခင်လေးဂူ ငါ့အပေါ် စိတ်ဝင်စားနေလို့များလား..?။"
လင်းချူဟန်စိတ်တွေက ထင်လိုရာကို ဆွဲတွေးနေတော့သည်။
"မိသားစုခေါင်းဆောင်က သမီးကောင်းလေးတစ်ဦး မွေးထုတ်ထားတာပဲ..။"
လင်းမိသားစုအကြီးအကဲများ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ဝေဆာနေကြသော်လည်း စိတ်ထဲတွင်မှု မနာလိုအားကျစိတ်များက လျှံကျလာခဲ့၏။
အကြောင်းမှာ သူတို့၏ သမီးဖြစ်သူတွေနှင့် မြေးမတွေမှာ လင်းချူဟန်၏ အလှနှင့် ပါရမီကို မှီသူမရှိသောကြောင့် ဖြစ်သည်။
လင်းချူဟန်သည် အဆုံးမဲ့တာအိုကျောင်းတော်၏ အသက်အငယ်ဆုံးနှင့် အလှဆုံးဆရာမတစ်ဦး ဖြစ်သည်။
ပန်းနုရောင်မျက်နှာ၊ကျောက်စိမ်းပမာအသားအရည်နှင့် တိမ်လွှာပမာ တွန့်ကွေးသွယ်တန်းကျနေသည့် ဆံပင်တွေက သူမကို မြို့တော်၏ အလှဆုံးမိန်းကလေးတစ်ဦးအဖြစ် ထင်ရှားစေသည်။
များပြားလှသည့် လူငယ်ပါရမီရှင်များ၏ အိမ်မက်နတ်သမီးလေးတစ်ပါး ဖြစ်ပြီး ပိုးပန်းသူများမှာ ရေတွက်လို့ပင် မကုန်ချေ။
ယခုမှာမှု အရှင်ငယ်၏ တတ်မက်သော အရာတစ်ခု ဖြစ်လာပုံရ၏။
ထိုအချင်းအရာက လင်းမိသားစုအကြီးအကဲများကို အပျော်များ ဆောင်ကျဥ်းပေးသည်ပဲ ဖြစ်သည်။
တစ်ဖက်တွင်ရှိသည့် လူငယ်အမျိုးသားများ၏ စိတ်ထဲ၌ ချဥ်နေသလိုပင် ခံစားနေရပြီး အချို့သော အမျိုးသမီးငယ်များမှာတော့ မနာလိုစိတ်များ ဖြစ်ပေါ်နေကြ၏။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...