ဂူချန်းဂျီ သူ့ထင်မြင်ချက်တွေကို အတည်ပြုပြီးတဲ့နောက်မှာတော့ ထိုကိစ္စကို ထပ်မံစဥ်းစားခြင်းမပြုတော့ပေ။ပြောရမယ်ဆိုရင် သူသည် တုံးအသူ မဟုတ်သောကြောင့် ကိစ္စတွေကို လက်လွတ်စပယ် ပြုမှုလေ့ မရှိချေ။
ဘယ်လိုပြသနာမျိုးကြုံကြုံ သွေးအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းသည့် အကျင့်ရှိသည်။
ရီချန်လို ကောင်းကင်တာအို၏ ကောင်းချီးပေးခံရသောသူပင် သူ့လက်ဖမိုးအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရီချန်နှင့် သူအမြဲချစ်ခင်စုံမက်နေခဲ့သည့် ဆုချန်းကျီနှင့်ပင် စည်းတစ်ဖက်စီခြားနားခဲ့ရပြီး သူ့လက်ခုပ်ထဲက ရေ ဖြစ်လာခဲ့ရသည်။
ရီချန်၏ နောက်ဆုံးအားထားရာဖြစ်သည့် ဆရာမဖြစ်သူ ရန်ကျဲနဲ့လည်း သိပ်မကြာမီပဲ အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်လာမှာ မလွဲပေ။
ထိုကဲ့သို့ အရာအရာကို စိတ်တိုင်းကျ ထိန်းချုပ်စီမံနေရသည့် ခံစားချက်မှာ ဘာနှင့်မှ မတူပေ။
အတွေးတစ်ချက်ဖြင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်၏။
ထိုအကြောင်းတွေကို တွေးရင်းဖြင့် ဂူချန်းဂျီ မပြုံးပဲ မနေနိုင်ခဲ့ပေ။
ထိုနောက် ယာဥ်ပျံ၏ အောက်ထပ်ကို ဆင်းလာခဲ့သည်။
အပေါ်ထပ်နဲ့ယှဥ်ရင် ယာဥ်၏ အောက်ထပ်က စည်ကားသိုက်မြိုက်လို့ နေသည်။
များပြားလှသည့် လူငယ်မျိုးဆက်များ၏ အာလာပသလာပ စကားသံတွေက ဆူညံနေခဲ့ပြီး အချို့သူများမှာ တာအိုအနှစ်သာရကို နှီးနောဖလှယ် လျက် ရှိသည်။
"သခင်လေးကို ကြည့်ရတာ ဒီနေ့စိတ်ပျော်နေပုံပဲ....။ "
နောက်မှထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည့် ဆုချန်းကျီမှ ဂူချန်းဂျီ သွင်ပြင်ကို သတိထားမိပြီး မေးလိုက်တာ ဖြစ်သည်။
သူမ၏ မဟူရာကျောက်ပမာ နက်မှောင်တောက်ပနေသည့် မျက်ဝန်းတစ်စုံ က ဂူချန်းဂျီ၏ အပြုံးကို မြင်ရသောကြောင့် အံအားသင့်သည့် အရိပ်အရောင်များ ဖြတ်ပြေးသွားခဲ့တာပဲ ဖြစ်သည်။
ESTÁS LEYENDO
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Aventuraဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...