"သခင်လေး....။
ဒီနေ့ သခင်လေးလုပ်တာတွေ ကောင်းပေမယ့် ဒီကအစေခံအိုကြီး စိတ်ထဲမရှင်းတာတစ်ခုရှိနေတယ်။"မြေအောက်အကျဥ်းထောင်မှ အပြန်တွင် မင်လောင်၏အသွင်က မှောင်ရိပ်ထဲမှထွက်ပေါ်လာခဲ့ပြီး ဂူချန်းဂျီကိုမေးလိုက်သည်။
သူစိတ်မှာ ဂူချန်းဂျီက ပိုပိုပြီးကြောက်စရာကောင်းလာပြီး ပိုပိုပြီးနားလည်ရန်ခက်ခဲလာသည်ဟု ထင်မိသည်။
ထိုအရာက ကောင်းသောကိစ္စပဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဂူချန်းဂျီ ပိုမိုပြီး စွမ်းအားကြီးလာပါက မျိုးနွယ်စုကို အုပ်ချုပ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်ပြီး
မျိုးနွယ်စု၏ဂုဏ်သရေကို ထွန်းပြောင်စေနိုင်လိမ့်မည်။သို့သော်လည်းပဲ ရီချန်ဆိုတဲ့ လူရွယ်ကိုသတ်ဖို့ဆန္ဒရှိပေမယ့် မသတ်ပဲနေရခြင်းအကြောင်းအရင်းကိုမူ သူနားမလည်နိုင်ပေ။
သူ့သခင်လေးဖြစ်သူ၏ အုပ်ချုပ်သူအဆင့်ကျင့်ကြံမှုက အထက်ဘုံအတွင်း၌ပင် ငယ်ရွယ်သောမျိုးဆက်တို့အတွင်း ပြိုင်စံရှား၏။
ရီချန်ကို ဘယ်နေရာမှာဖြစ်ဖြစ် ဖိနှိပ်ထားနိုင်မည်ဆိုတာ အသေချာပဲဖြစ်သည်။ဘာလို့ ရီချန်ကိုသတ်ဖို့ တုံ့ဆိုင်းနေတာလဲ...?။
ထိုအရာကို မင်လောင် နားလည်ခြင်း မရှိပေ။"အိုးးးးး။"
"ဘယ်အရာကို မရှင်းတာလဲ...?။"ဂူချန်ဂျီ စိတ်ထဲ ကောင်းမွန်နေသည်ဖြစ်သောကြောင့် သာမန်ရံလျှံကာပဲ မေးလိုက်၏။
ဒီနေ့ ရီချန်နှင့် သူဆရာဖြစ်သူတို့ကြား အက်ကြောင်းတစ်ခု ထားခဲ့နိုင်ရုံသာမက ရီချန်ထံမှ အမှတ်များလည်း ရရှိခဲ့သောကြောင့် ဖြစ်သည်။"ဒီကြက်သွန်မြိတ်လေးက လှီးလို့အတော်ကောင်းတာပဲ။"
"ရီချန်ကို တကယ်နင်းသတ်ဖို့နေ့က သိပ်မဝေးတော့ပါဘူး။"ဂူချန်းဂျီစိတ်ထဲတွေးနေတာပဲဖြစ်သည်။
"ဒီ အစေခံအိုကြီး နားမလည်တာက ရီချန်ကို ဘာလို့တိုက်ရိုက်ပဲ မသတ်ပဲထားတာကိုပါ။"
"ဒီနည်းဆိုရင် အလုပ်ရှုပ်ရတာသက်သာမယ်ထင်မိတယ်။"အဖိုးကြီးမင်တစ်ယောက် နားလည်ပုံမရဟန်ဖြင့် ပြောလိုက်သည်။
သူမှာ လောကကြီးထဲတွင် ကံတရား၏ မျက်နှာပေးမှုဆိုတာကို သိရှိပုံမရပေ။
အဆုံးစွန်ပြောရမယ်ဆိုရင် ရီချန်မှာရှိတဲ့ ကံကောင်းမှုအမှတ် အနည်းဆုံးအဆင့်တစ်ခုကိုမရောက်သရွေ့ သူရီချန်ကို ဖိနှိပ်ထားနိုင်ခဲ့ရင်တောင် ရီချန်ကပြန်ပြီး ထကြွလာနိုင်သည်ပဲဖြစ်သည်။
ဒီအရာက ကမ္ဘာဦးစကတည်းကတည်ရှိနေတဲ့ ကံကြမ္မာ၏ အံသြဖွယ်ရာ အစွမ်းပင်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...