အပိုင်း ၂

1.5K 112 0
                                    

ဧည့်ခန်းမဆောင်ကြီး အလယ်တွင်။

ဂူချန်းဂျီတစ်ယောက် လက်ထဲရှိလက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေကာ တစ်စုံတစ်ရာကို တွေးတောနေ၏။

နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူအသွင်က သန့်စင်မွန်မြတ်စွာ ရှိနေ၏။

သူ၏ ခန့်ညားပြီး အပြစ်ဆိုဖွယ်မရှိသော ရုပ်ရည်က ဆန်းကြယ်မှုတည်ကြည်မှုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ရှိပေသည်။

သို့ပေမယ့်လည်း စေ့စေ့စပ်စပ် လေ့လာလိုက်ပါက ယခုချိန်တွင် ဂူချန်းဂျီက အရာအားလုံးကို ဥပေက္ခာပြုထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

သူပုံက အရာအားလုံး၏အထက်၌ တည်ရှိနေသူတစ်ယောက်အတိုင်း ဖြစ်နေ၏။

မည်သူမှ ထင်မထားမိအောင်ပင်..။

လက်ရှိအချိန်တွင် ဂူချန်းဂျီ၏ အသွင်က ခန်းမအတွင်း ဖြစ်ပျက်နေသမျှက သူနှင့်လျားလျားမှ မသက်ဆိုင်သည့်အလား တစ်ကိုယ်တည်း အတွေးယဥ်ကြော၌ နစ်မျှောနေ၏။

"ဆန်းကြယ်တဲ့သူ......။"

ထိုစကားက သူ့ကို ပတ်ဝန်းကျင်ရှိလူတိုင်းမှ မှတ်ချက်ပေးသည့် စကား ဖြစ်သည်။

မည်သူမဆို ဤဝတ်ရုံဖြူဝတ်လူငယ်ကို ကြည့်ရင်း  သူ့နောက်ခံကို ခန့်မှန်းရန်လွယ်ကူမည်မဟုတ်ချေ။

သူ့၏ပုံသဏ္ဍာန်သာမက အပြုအမူနေထိုင်ပုံကို ကြည့်ရုံဖြင့် သေမျိုးများနှင့်မတူ တစ်မူထူးခြားနေသည်ကို တွေ့နိုင်၏။

အမှန်တကယ်တွင် ဂူချန်းဂျီ၏ ထိုအမူအရာမှာ သူ့အတွေးတွေပျောက်ဆုံးနေကာ မိန်းမောနေခြင်း ဖြစ်သည်ကို မည်သူကမှ မသိကြပေ။

သူ့မှာ..ခန်းမထဲ ဘာဖြစ်နေလဲဆိုသည်ထိ ဂရုမစိုက်နိုင်သေးချေ။
ထိုကဲ့သို့ မိန်းမောတွေဝေနေခြင်းမှာသူ့မှတ်ဥာဏ်များ ပေါင်းစည်းနေခြင်းကြောင့် ဖြစ်၏။

သူသည် ကမ္ဘာကူးပြောင်းလာခဲ့သူတစ်ဦး ဖြစ်သည်။

သူက နောက်ဆုံးအိပ်စက်ခဲ့ပြီးသည့်နောက် ပြန်လည်နိုးထလာချိန်၌ ယခုကဲ့သို့ ဆန်းကြယ်ပြီး အန္တရာယ်များပုံရသည့် ကမ္ဘာထဲကို ရောက်နေခဲ့၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora