အပိုင်း ၆

1.1K 103 0
                                    

"ကံကြမ္မာသားတော်တစ်ယောက်ရဲ့ကံကောင်းမှုတန်ဖိုးတစ်ရာကို ဆုံးရှုံးအောင်လုပ်ရုံနဲ့ ကံကြမ္မာအမှတ်ငါးရာရတယ်ဆိုတော့...။"

"မဟုတ်မှလွဲရော ငါးဆရတာပဲဖြစ်ရမယ်။"

စနစ်၏အသိပေးချက်ကိုကြည့်ပြီး ဂူချန်းဂျီ၏စိတ်ထဲတွင် တွေးမိလိုက်၏။

ရရှိလာသည့် ကံကြမ္မာတန်ဖိုးတွေကိုစနစ်မှာပါသည့် သူ၏အရည်အသွေးကိုတိုးမြင့်သည့်နေရာတွင်သုံးရန် ဂူချန်းဂျီ စဥ်းစားထားသည်။

ထိုအချိန်တွင်....။

ခန်းမထဲတွင် သတိမေ့နေသည့် ရီချန်ကို စည်းကမ်းထိန်းသိမ်းရေးဆောင်မှ တပည့်များက ခေါ်ဆောင်သွားကြပြိီ ဖြစ်သည်။

နောက်ဆုံးမှာတော့ ပြပွဲက ဆုံးခန်းတိုင်သွားခဲ့ပြီ ဖြစ်သည်။

ဧည့်သည်များက သက်ပြင်းချလိုက်ကာ အတွေးကိုယ်စီဖြစ်လာကြသည်။

"ဒီအရှင်ငယ်ဆိုတဲဲ့သူက ခန့်မှန်းလို့မရနိုင်တဲ့ခွန်အားရှိရုံတင်တော့ မဟုတ်ဘူး..။ငါကြောက်မိတာက သူနောက်ခံအင်အားကပါထင််ထားတာထက် ပိုအားကောင်းနေမှာကိုပဲ...။"

"ထန်းရွမ်တော်ဝင်အရှင်က အဲဒီအရှင်ငယ်ကိုအဖော်ပြုဖို့ သူ့ရဲ့အချစ်ဆုံးသမီးကို သူကိုယ်တိုင် ပို့ခဲ့တာတဲ့...။"

လူအများစု၏မျက်လုံးများက လေးနက်မှုဖြင့်ပြည့်နေခဲ့ကာ ဂူချန်းဂျီ၏နောက်ခံကို မှန်းဆနေကြသည်။

အဆုံးတွင် ထိုသူအားလုံးက တိတ်တခိုး ဆုံးဖြတ်ချက်ချလိုက်ကြ၏။

ယနေ့တွင် ဖြစ်ပွားသမျှကိစ္စများအား သူတို့ဂိုဏ်းကို မဖြစ်မနေတင်ပြမည်ဖြစ်သည်။

ထိုတင်မကပေ။

အခွင့်အရေးပါက ဂူချန်းဂျီနှင့်ရင်းနှီးနိုင်ရန် ကြိုးစားကြရလိမ့်မည်။

ဤသည်မှာ အရှေ့ဘက်ကုန်းမြေဒေသ၌ မကြာမီအချိန်အတွင်း လှိုင်းထန်တော့မည်ကို ကြိုမြင်သဖြင့်လည်း ဖြစ်သည်။

သိပ်မကြာခင်ပင် အခမ်းအနားအစီအစဥ်များ ပြီးဆုံးသွား၏။
ပွဲအပြီးတွင် ထန်းရွှမ်တော်ဝင်သားတော်ချူးရွှမ်က စိတ်အားတက်ကြွစွာဖြင့် ဂိုဏ်းတစ်ခုလုံးကို ကြည့်ရှုနေခဲ့သည်။
ထိုနောက်မှာတော့ လေးစားမှုအပြည့်ဖြင့်အရက်ခွက်ကို ဂူချန်းဂျီထံ အရင်ဆုံး ကမ်းလိုက်ပြီး
"အခုလို အရှင်ငယ်ကိုယ်တိုင် ထောက်ခံပေးတာကို ကျေးဇူးအထူးတင်ရှိပါတယ်။
တကယ်လို့များ အရှင်ငယ်တစ်ခုခုလိုအပ်ရင် ဓားတောင်ပဲ ကျော်ရကျော်ရ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ လုံးဝနှောက်မတွန့်ပဲ လုပ်ဆောင်သွားဖို့ဆန္ဒရှိပါတယ်။" ဟုပြောလိုက်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now