ဗီလိန်တစ်ဦး၏ကံကြမ္မာ
အပိုင်း(၁၅၆)
ဘာသာပြန်.လင်းသန့်မှိန်ပျပျအလင်းရောင်က ရှေးဟောင်းဂူသင်္ချိုင်းအတွင်း၌ ဝိုးတဝါးပုံရိပ်များစွာကို ဖော်ကြူးလျှက်ရှိနေခဲ့၏။
ဂူသင်္ချိုင်းအတွင်း၌ ရှေးဟောင်းအလောင်းများ တစ်လောင်းပြီးတစ်လောင်း ခေါင်းတလားအတွင်းမှ ပျံဝဲထွက်လာခဲ့ပုံက မသိရင် နေနှင့်လ ၏ အနှစ်သာရများကို စုပ်ယူကြရန်အတွက် မြေကြီးအတွင်းမှ အလုအယက် တိုးထွက်လာခဲ့ကြသည့်အတိုင်းပင်..။
အကယ်၍ လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်ကသာ ဂူသင်္ချိုင်းအတွင်းခြေချခဲ့ပါက ဤမျှလောက် ကြောက်မက်ဖွယ်ရာကောင်းသည့် သွေးပျက်ဖွယ်မြင်ကွင်းနှက့်ကြုံရပြီး တုန်လှုပ်ခြောက်ခြားသွားရလိမ့်မည် ဖြစ်သည်။
အစိမ်းရောင် အလင်းတန်းများက ရေတံခွန်ငယ်များပမာ အတူတကွ ပေါင်းစည်းသွားခဲ့ပြီး အနက်ရောင် တာအိုတံဆိပ်တော်တစ်ခုအနေနဲ့ ဖြစ်တည်လာခဲ့ကာ အောက်တွင်ထိုင်နေသော လူငယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်လို့သွားသည်။
ထိုလူရွယ်၏ ဆံပင်ရှည်နှင့် ၀တ်ရုံရှည်တို့က လေမတိုက်ပဲ တစ်ဖျတ်ဖျတ်လွင့်လူးလို့သွား၏။
ထိုပတ်ဝန်းကျင်တစ်ခုလုံးကို လွမ်းခြုံထားသည့် အလင်းရောင်က ထိုလူရွယ်၏ ကြိီးမြတ်မှုနှင့်၊ထူးခြားဆန်းကြယ်မှုကို ထင်ဟပ်ပေါ်လွင်နေစေခဲ့ပေသည်။
ဂူချန်းဂျီတစ်ယောက် တင်ပျင်ခွေထိုင်လျှက် ရှိနေသည်။
လက်ရှိတွင် သူ၏ အသားအရည်က အလင်းတန်းများပင် ဖောက်ထွင််း၀င်ရောက်နိုင်သည့် ကျောက်စိမ်းဖြူပမာ ကြည်လင်သန့်စင်လျှက်ရှိ၏။ဤသည်က မြင်ရသူတိုင်းအား ဆန်းကြယ်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေသည်။
သူ့နောက်ကျောဘက်တွင် ဝဲကတော့များရှိနေကြ၍ ၎င်းတို့က မနက်ဖြန်ဆိုတာမရှိသည့်အတိုင်း အလင်းရောင်များကို စုပ်ယူနေကြ၏။
ထိုအပြင် မရေတွက်နိုင်သော နတ်ဘုရားများနှင့် နတ်မိစ္ဆာဆိုး၏ ပုံရိပ်များလည်း ဂူချန်းဂျီ၏နောက်ကျောဘက်၌ တင်ပျင်ခွေထိုင်လျှက်ရှိနေကြ၏။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...