ပထမကောင်းကင်ဘုံကာလ၏ ရှေးဟောင်းလျှို့ဝှက်နယ်မြေသည် အလွန်ကြီးမားပြီးကျယ်ပြန့်သော နေရာပင် ဖြစ်သည်။
လဝက်နီးပါးကြာသည်တိုင်အောင် ကျင့်ကြံသူများက အမွေအနှစ်တည်ရှိရာအရပ်၏ အရိပ်ယောင်မျှပင် မြင်ခဲ့ခြင်းမရှိပေ။
၎င်းတို့ မြင်ရသမျှတွေက ဟောင်းနွမ်းဆွေးမြေ့နေသည့် အဆောက်အဦးများ၏ အပျက်အစီးပုံများနှင့် ရှေးခေတ်ကျင့်ကြံသူများ၏ ရုပ်ကြွင်းများသာ ဖြစ်သည်။
၎င်းတို့၏ ကိုယ်၌ ဝင်ဆင်ထားသည့်အဝတ်အစားများမှာ အလွန်ရှေးကျပြီး မြင်ရခဲသည့်မှော်သင်္ကေများဖြင့် တန်ဆာဆင်ထားကြ၏။
၎င်းတို့၏ သေဆုံးနေသည့်ပုံမှာ ဆန်းကြယ်လွန်းလှသည်။
အချို့မှာ ကိုယ့်ကိုကိုယ်သတ်သေနေသည့် ပုံမျိုးဖြစ်ပြီး အချို့မှာ ၎င်းတို့အဖော်ဖြစ်သူ၏ သတ်ဖြတ်ခြင်းခံလိုက်ပုံမျိုးပင် ဖြစ်ကြသည်။
အချို့ရုပ်ကြွင်းများအနီး၌ ၎င်းတို့၏အဖြစ်ကို ရှေးခေတ်ဘာသာစကားဖြင့် မှတ်တမ်းတင်ထားသည့် မှတ်တမ်းများ၊ကမ္ပည်းစာများကို ချန်ရစ်ထားကြသည်။
၎င်းကို ရှေးဟောင်းစာပေကို ဖတ်ရှုနိုင်သည့် ရှေ့မှီနောက်မှီ ကျင့်ကြံသူများထံသို့ လေ့လာခဲ့စေရာမှာ သွေးပျက်ခြောက်ခြားဖွယ်ရာသတင်းတစ်ခုကို ရရှိလိုက်သည်။
"ဒီမြေမှာ အခွင့်အလမ်းကောင်းတွေနဲ့ ကြောက်မက်ဖွယ်အရာတွေကို စည်းခတ်ပိတ်လှောင်ထားတယ်..။"
"ဒီ လျို့ဝှက်နယ်မြေရဲ့ မှုလပိုင်ရှင်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက တည်ရှိခဲ့တဲ့ အလွန်ရှေးကျတဲ့ မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး သူတော်စင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်....။"
"သူတော်စင်...။"
ထိုဂုဏ်ပုဒ်မျိုးမှာ မည့်ကဲ့သိုတည်ရှိမျိုး ဖြစ်သနည်း...။
လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းများ ဖြစ်လာခဲ့သည်။
၎င်းတို့သည် ထိုကဲ့သို အခေါ်အဝေါ်မျိုးကို ရှေးဟောင်းမှတ်တမ်းအချို့၌ သာ မြင်ဖူးခဲ့ကြသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...