"စိတ်ထားက နက်မှောင်နေပေမယ့် နှလုံးသားက ဖြူစင်ပါတယ် ဟုတ်လား...။""တရားမျှတမှုကို လက်ကိုင်ထားပြီး အများအကျိုးကို ထမ်းပိုးဖို့ဆန္ဒရှိတယ်ဆိုပဲ.....။"
ခန်းမအပြင်ဘက်တွင်...။
ထိုစကားသံများကိုကြားလိုက်သည့် ရီလျူလွီတစ်ယောက် ဂူချန်းဂျီ၏ ကိုယ်စားပင် သူမရှက်လာခဲ့၏။
ဂူချန်ဂျီ ပါးစပ်မှထိုစကားမျိုးကြားရသည်မှာ သူမအတွက်တော့ ဝံပုလွေတစ်ကောင်က သက်သတ်လွတ်စားလိုသည်ဟု ကြားလိုက်ရသလိုပင်ဖြစ်ပြီး အလွန်စက်ဆုပ်ဖွယ်ကောင်းသည်ဟုပင် ထင်မိလိုက်သည်။
အကြောင်းမသိသူများအတွက်တော့ ဂူချန်းဂျီ၏ အမူအရာအောက်တွင် လှည့်စားခံသွားကြမည်က မလွဲပင်...။
သူ့ကို အမှန်တကယ်ပဲရိုးသားဖြောင့်မတ်သူဟု ယုံစားမိကြမှာသေချာသည်။
ဂူချန်းဂျီ၏ သရုပ်ဆောင်စွမ်းရည်က ပြိုင်စံရှားအဆင့်ဟု သတ်မှတ်နိုင်၏။
"ကျန်တော်ရဲ့ ကြင်နာတတ်တဲ့နှလုံးသားကို နေနဲ့လတောင် မြင်နိုင်ကြလိမ့်မယ်....။"
"ကောင်းကင်နဲ့ မြေကြီးတောင် ရောင်ပြန်ဟပ်ကြရလိမ့်မယ်...။"
ခန်းမကြီးထဲ၌ ဂူချန်းဂျ်ီ၏ စကားသံက တစ်ဖန်ထွက်လာ၏။
ဖြောင်မတ်မှုရှိပုံရသည့်အသွင်နှင့် ရိုးဖြောင့်စွာပြောဆိုခြင်းက ထိုစိတ်ဝိဥာဏ်အမျှင်တန်းကို လှည့်စားနိုင်ခြင်း ရှိမရှိကို ဂူချန်းဂျီ စမ်းသပ်နေခဲ့ခြင်းပင် ဖြစ်သည်။
အကယ်ဤ အဆင်မပြေပါကလည်း သူအခြားနည်းလမ်းကိုသုံးဖို့ သူစဉ်းစားရုံဖြစ်သည်။
သူ့တွင် နည်းလမ်းတစ်ခုထဲ ရှိနေသည်တော့မဟုတ်ပေ။
ထိုစိတ်ဝိဥာဏ်အမျှင်တန်း၏ နှုတ်ဆိတ်သွားပုံကိုကြည့်ပြီး ဂူချန်းဂျီတစ်ခုသိသွားခဲ့သည်။
ယခုသူကြုံနေရသည့် စိတ်ဝိဥာဏ်အမျှင်တန်းမှာ သိပ်ပြီးတွေးတောနိုင်ခြင်းရှိသည့်ပုံ မပေါ်ချေ။
သို့မဟုတ်ပါက အိပ်ပျော်နေခဲ့သည်မှာ နှစ်သန်းပေါင်းများစွာကြာမြင့်ဖြစ်လို့ ထိုကဲ့သို့ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...