ဗီလိန်တစ်ဦး၏ကံကြမ္မာ
အပိုင်း(၁၅၁)
ဘာသာပြန်.လင်းသန့်
ရှေးဟောင်းအင်မော်တယ်ကုန်းမြေတိုက်ကြီးအတွင်းသို့ ပါရမီရှင်လူရွယ်များ တစ်ဖွဲဖွဲဝင်ရောက်လာကြသည်မှာ ရပ်တန့်ခြင်း မရှိပေ။
အများစုက ရှေ့ကနေဦးဆောင်ပြီး ဝင်ရောက်သွားကြပြီဖြစ်သော်လည်း အချို့တွေက နောက်တွင် ကျန်ရစ်နေခဲ့ကြ၏။အကြောင်းမှာ ၎င်းတို့သည် အဆုံးမဲ့ကောင်းကင်ဒေသနှင့် အလွန်ပင်ဝေးကွာလှသည့် အခြားဒေသကြီးများထံမှ ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းတို့အနေနဲ့ တာအိုနတ်ဘုရားနန်းတော်သို့ရောက်ရှိရန် အချိန်များစွာယူခဲ့ရပေသည်။
မည်သို့ပင်ဖြစ်စေ။
ထိုသူတွေအားလုံးသည်လည်း အခြားသူများတူညီစွာပင် ကြီးကျယ်ခမ်းနားသော နတ်ဘုရားသားတော်များ ဖြစ်ကြပေသည်။
အင်မော်တယ်ကုန်းမြေတိုက်ကြီးဖွင်လှစ်သည်မှာ သိပ်ပင်မကြာမြင့်သေးပေ။
အချို့လူများက ဒေသခံမျိုးနွယ်စုများနှင့် စတင်ကြုံကြိုက်လာခဲ့ကာ ပဋိပက္ခများနှင့် သတ်ပွဲများ စတင်ဖြစ်ပွားလာခဲ့ပြီ ဖြစ်သည်။
သို့ပေမယ့် ယခုလို ပြင်ပမှလူများရောက်ရှိလာခဲ့ခြင်းသည့် ဒေသခံမျိုးနွယ်စုများ၏ လူငယ်မျိုးဆက်များအတွက်လည်း အတွေ့အကြုံယူရန် ဘယ်တုန်းကမှ မရခဲ့ဖူးသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
"ဒီမှာရှိတာ လူအကုန်ပဲလား"
ရွှေရောင်မြက်ပင်များဖြင့် ပြည့်နက်နေသည့် မြေနိမ့်လွင်ပြင်တစ်ခုသို့ ဂူချန်းဂျီ ရောက်ရှိနေခဲ့ကာ မျက်ခုံးပင်ပြိး သူ့ရှေ့တွင်ရှိနေသော လူတစ်စုကို မေးမြန်းနေခြင်း ဖြစ်သည်။
သူရှေ့တွင်မှု အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းသော သတ္တဝါများနှင့်အတူ ပြင်ပကမ္ဘာမှလူများနှင့်မတူပဲကွဲပြားခြားနားသောဝတ်စုံများကို ဝတ်ဆင်ထားသည့် လူတစ်စု ဒူးထောက်နေခဲ့သည်။
လက်ရှိအချိန်တွင် ၎င်းတို့၏ ခြေများက ကျိုးနေခဲ့ကာ သွေးစိမ်းရှင်ရှင် ယိုစိီးကျနေခဲ့၏။၎င်းတို့က ဂူချန်းဂျီထုတ်လွှတ်နေသည့် အလွန်ပင်ပြင်းထန်လှသောအရှိန်အဝါကို ခုခံနိုင်စွမ်မဲ့နေကြပေသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Pertualanganဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...