"အမည်ခံ နတ်ဘုရားအဆင့်ကျင့်ကြံမှုလောက်ကို အရမ်းသန်မာတယ်လို့ထင်နေတာလား...?။
အထက်ဘုံရောက်ရင် အမည်ခံနတ်ဘုရားအဆင့်ဆိုတာ ဘာမှမဟုတ်မှန်း မင်းသိလာလိမ့်မယ်။"ဂူချန်ဂျီ သာမာန်ရံလျှံကာပဲ ပြောလိုက်တာ ဖြစ်သည်။
သူလေသံက နတ်ဘုရားအဆင့်ကျင့်ကြံမှုဆိုတာ လမ်းဘေးကခဲတစ်လုံးကို ပြောဆိုနေသည့်အလားပဲ ဖြစ်၏။
အဆင့်နိမ့်ကမ္ဘာ၌ လူတွေသိထားကြသည့် နတ်ဘုရားအဆင့်ကျင်ကြံမှုဆိုတာက အမှန်တကယ်တော့ အမည်ခံနတ်ဘုရားအဆင့်ကျင့်ကြံမှုကို ပြောခြင်းပဲ ဖြစ်သည်။
ထိုအဆင့်ရှိကျင့်ကြံသူများ၏ သက်တမ်းမှာ နှစ်သောင်းချီပြီး ရှင်သန်နေနိုင်တာပဲ ဖြစ်သည်။
ဂူချန်းဂျီ ပြောနေသလိုမျိုးဟင်းရွက်ကန်စွန်းတော့ မဟုတ်ပေ။
အထက်ဘုံအတွင်းရှိ ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေ၌ပင် ထိုအဆင့်ကျင့်ကြံသူတွေ မိသားစု၏အဓိကအင်အားစုပဲ ဖြစ်သည်။"အမည်ခံနတ်ဘုရားဟုတ်လား...?။"
"နတ်ဘုရားအဆင့်ကျင့်ကြံမှုကို အဆင့်ခွဲထားသေးတာလား....?။""အဲဒီအဆင့်ရဲ့ အထက်မှာကော ဘာအဆင့်တွေ ရှိသေးလဲဆိုတာ သခင်လေးကပဲ ရှင်းပြပေးနိုင်မလား..?။"
ဂူချန်းဂျီ စကားဆုံးသည်နှင့် ဆုချန်းကျီမျက်လုံးများမှ အရောင်တွေတောက်ပလာပြီး မေးခွန်းတွေ တစ်သီတစ်သန်း ထွက်ပေါ်လာခဲ့၏။
ထိုအကြောင်းအရာကို သူမအလွန်စိတ်ဝင်စားသည်ပဲ ဖြစ်သည်။
"အမည်ခံနတ်ဘုရားအဆင့်နောက်မှာလား...?။"
"အမည်ခံနတ်ဘုရားအဆင့် နောက်မှာဆိုရင် အစစ်အမှန်နတ်ဘုရားအဆင့်ပဲ။"
"ဘာမှအထူးတလည် ရှင်းပြနေစရာမလိုဘူး။"ဂူချန်းဂျီ သိပ်ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး လက်ထဲကအရက်ခွက်ကိုမော့ပြီး သောက်လိုက်သည်။
ဂူချန်းဂျီ၏ မတင်မကျအဖြေကြောင့် ဆုချန်းကျီ စိတ်ပျက်သွားပုံမရပေ။
ထိုအစားသူမက ဂူချန်းဂျီခွက်ထဲအရက်များ လျှင်မြန်စွာပဲဖြည့်ပေးလိုက်သည်။
ထိုနောက်မှာတော့ သူမဂူချန်းဂျီ၏အနားကို ပိုမိုတိုးကပ်လာတာပဲ ဖြစ်သည်။
သင်းပျံသောကိုယ်သင်းရနံတွေက ဂူချန်းဂျီနှခေါင်းကို ကလူကျ်ီစယ်လို့ နေ၏။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...