ဗီလိန်တစ်ဦး၏ကံကြမ္မာ
အပိုင်း(၁၄၆)
ဘာသာပြန်.လင်းသန့်..
ထိုအချိန်တွင်...။
အနီးအနားရှိ ရှေးဟောင်းမြို့တော်များမှ ကျင့်ကြံသူများက တားမြစ်အမွေဆက်ခံသူမွေးဖွားခြင်းနှင့်အတူ ရှေးဟောင်းအင်မော်တယ်နယ်မြေကို ဖွင့်လှစ်လိုက်ခြင်းသတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
ဤအတောအတွင်း ဂူချန်းဂျီက ယခင်ကထက် ပိုလို့အတင့်ရဲလာခဲ့၏။
ယခင်က သူ့အနေနဲ့ ကောင်းကင်တာအိုရှေးဟောင်းမြို့တော်ထံသို့သွားသည့်အခါတိုင်းတွင် အင်မော်တယ်ဝါးမြိုခြင်းကျင့်စဥ်ကိုအသုံးချသည်ကိုအား အကြီးအကဲများနှင့်နောက်လိုက်များ မရိပ်မိစေရန် ဂရုစိုက်ခဲ့ရသည်။
ယခုမှာတော့ ထိုကိစ္စအတွက် ဂူချန်းဂျီ စိုးရိမ်နေဖို့မလိုတော့ပေ။
ယခုအချိန်တွင် တားမြစ်အမွေဆက်ခံသူသည် ရီလင်းဖြစ်ပြီး သူနှင့် လားလားမှပင် သက်ဆိုင်မှုမရှိချေ။
"သခင်"
ခမ်းနားထည်ဝါသောနန်းတော်အတွင်း၌ ရင်မိန်တစ်ယောက် ရိုသေလေးစားစွာဖြင့်ရပ်နေခဲ့ကာ ဂူချန်းဂျီလာသည်ကိုမြင်ပြီး နှုတ်ခွန်းဆက်လိုက်ခြင်း ဖြစ်သည်။
ဤအတောအတွင်း မျိုးနွယ်စုတိုင်းလိုလိုက တားမြစ်အမွေဆက်ခံသူ၏ရန်ကို ကြောက်ရွံကြသဖြင့် ၎င်းတို့၏ ငယ်ရွယ်သော ပါရမီရှင်များ ပို၍ ဂရုစိုက်နေကြသည်။
သို့သော် ၎င်းက ဂူချန်းဂျီအတွက် ကျင့်ကြံမှုအရင်းအမြစ်များအား သူမစုဆောင်းပေးနေမှုကိုတော့ သက်ရောက်ခြင်း မရှိပေ။
အကြောင်းမှာ အထက်ဘုံအတွင်း၌ အမြီးကိုးချောင်းကောင်းကင်ဘုံမြေခွေးမျိုးနွယ်စု၏လုပ်ငန်းများသည် အလွန်ကျယ်ပြန့်စွာ ဖြန့်ကျက်ထားခဲ့ပေသည်။
ထို့ကြောင့် သူမ၏မျိုးနွယ်စုသည် ဆောင်ကြာမြိုင်၊ မြေအောက်အနက်ရောင်ဈေးများ၊ လေလံပွဲများ၊ ကျွန်ကုန်ကူးခြင်း အစရှိသဖြင့် မရေတွက်နိုင်သည့် လုပ်ငန်းများနဲ့ ပတ်သက်ဆက်နွယ်နေခဲ့၏။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...