ဆုချန်းကျီ၏အကြောင်းကို ကြားလိုက်ရပြီး ဂူချန်းဂျီတစ်ယောက် အတွေးထဲနှစ်မြောသွားခဲ့၏။
"သခင်လေး ကျွန်တော်မျိုး ကိစ္စတစ်ခုကိုတော့ နားမလည်မိဘူး....."
ထိုအချိန်မင်လောင်မှ ဝင်ပြောလာခဲ့၏။ သူ၏မျက်နှာအမူအရာမှာ တစ်စုံတစ်ရာကိုနားလည်မှုမရှိပုံပေါ်သည်။
ဂူချန်းဂျီအကြောင်း သိထားသလောက်ဆိုပါက ဂူချန်းဂျီလုပ်သမျှကိစ္စများမှာ ရှင်းလင်းမှုမရှိသည့်ငြား အားလုံးကအကြောင်းအရင်းရှိ၏။
သို့ပေမဲ့ ယနေ့ ရီချန်၏ ကိုယ်ပေါ်ကိုသူ၏အရှိန်အဝါဖြင့် ဘာကြောင့်ဖိနှိပ်စေခဲ့သည်ကို သူနားမလည်ပေ။
ထို့ကြောင့် ဂူချန်းဂျီအား သူမေးလိုက်သည်မှာ ပုံမှန်ပင် ဖြစ်သည်။
မူလခန္ဒာပိုင်ရှင်၏ မှတ်ဥာဏ်အရ သူဘယ်လိုပြုမှုပြောဆိုရမယ်ဆိုတာ ဂူချန်းဂျီသိနေပြီဖြစ်၏။ထိုအမေးစကားကြောင့် ဂူချန်းဂျီ၏မျက်လုံးများက အနည်းငယ်ခန့်မှေးစင်းသွားခဲ့ပြီး အတက်အကျမရှိသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"ရီချန်ဆီမှာ ကံကောင်းမှုကြီးတစ်ခု ရှိနေတယ်။"
"ဒါ့ကြောင့် သူက ငါ့အတွက် အခွင့်လမ်းတွေကို ဖော်ဆောင်ပေးလိမ့်မယ်။"ထိုစကားမှာ အမှန်ပဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရီချန်ဆီမှ ကံကြမ္မာမှတ်များကို သူရယူနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ကံကြမ္မာသားတော်ပီပီ ရီချန်က အခွင့်အလမ်းများစွာ ရှိနေလိမ့်မည် မလွဲပင်။
ထို့ကြောင့် သူလုပ်ရမည်က ရီချန်၏အခွင့်အလမ်းများကို ကြားဖြတ်လုရုံသာ ဖြစ်သည်။
၎င်းကိုတွေးမိလိုက်ပြီး ဂူချန်းဂျီက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
"ဒါ့ကြောင့်မို့ကိုး.....။"
မင်လောင် အနည်းငယ် အံအားသင့်သွားပုံရသော်လည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။
သူ၏ သခင်လေးသည် မွေးကတည်းက မျိုးနွယ်စုအတွင်း၌ နတ်ဘုရားတစ်ပါးပမာ ထင်ကြေးပေးဆက်ဆံခြင်းကို ခံရသောသူ ဖြစ်ပေသည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...