ပထမကောင်းကောင်းကင်ဘုံကာလ၏ လျို့ဝှက်နယ်မြေတွင် ကြောက်မက်ဖွယ်ရာ သားရဲအုပ်ကြီးများ၏ ကြီးစိုးလာမှုကြောင့် ငြိမ်းချမ်းမှုများ ဆိတ်သုန်းသွားခဲ့ရသည်။ကျင့်ကြံသူများ၏ စိတ်နှလုံးမှာ ကြောက်ရွံ့စိတ်က ကြီးစိုးစပြုလာ၏။
ဤသည်မှာ ကပ်ဘေးတစ်ခု၏ နိဒါန်းအစပြိုးခြင်းဖြစ်သည်လောဟုပင် တွေးမိလျှက်ရှိသည်။
စိတ်ချောက်ခြားဖွယ်ရာ နတ်ဆိုးစွမ်းအင်များက လျို့ဝှက်နယ်မြေတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့ရကာ အတုမရှိ မိစ္ဆာတစ်ကောင် နိုးထလာသည့်အတိုင်းပင်။
၎င်းကို ချုပ်နှောင်ထားသည့်စည်းမှာ ပြိုကွဲသွားခဲ့သောကြောင့် ယခုလိုလက္ခဏာမျိုး ဖြစ်ပေါ်လာခဲ့တာဖြစ်ကောင်းဖြစ်နိုင်သည်ဟု လူများ၏ စိတ်ထဲ၌ တွေးတောမိလိုက်သည်။
မရေမတွက်နိုင်တဲ့ လူများမှာ ကြောက်ရွံ့မှု၊ပူပန်မှုတို့ကြောင့် တုန်ယင်လို့နေကြ၏။
သို့သော်လည်း ထိုလက္ခဏာမျိုးပြလိုက်သည်မှလွဲပြိီး မည်သည့်အရာမှ ဖြစ်ပေါ်လာခြင်းမရှိသည်ကို ၎င်းတို့ သတိထားမိသွားတော့သည်။
ထိုတင်မကပဲ လျို့ဝှက်နယ်မြေကိုလွှမ်းခြုံထားသည့် နတ်ဆိုးချီများမှာ တစ်စထက်တစ်စ လွှင့်ပါးလာခဲ့သည်ကိုလည်း တွေ့ရှိသွားကြသည်။
ထိုမိစ္ဆာကောင်အား ချုပ်နှောင်ထားသည့်စည်းမှာ ပြန်လည်ခိုင်မာမှုရှိသွားပုံရသည်ဟု လူများ၏စိတ်ထဲ၌ သက်ပြင်းချကာ တွေးမိလိုက်သည်။
သို့သော်လည်း ထိုမတော်တဆဖြစ်ရပ်က လူတိုင်းပါစပ်ဖျား၌ ပြောမဆုံးနိုင်အောင်ပဲ ဖြစ်သွားခဲ့သည်။
အချို့လူများမှာ ၎င်းတို့ကြားသိထားသည့် ရှေးဟောင်းမှတ်တမ်းများမှ အကြောင်းအရာများ မှန်မမှန်ကို သံသယဖြစ်နေကြ၏။
သို့သော်လည်း လျို့ဝှက်နယ်မြေ၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များက ထိုမှတ်တမ်းများအမှန်ဖြစ်သည်ကို သက်သေထူလျှက်ရှိသည်။
အဆုံးမှာတော့ လူများ၏ စိတ်ထဲ၌ ဖြစ်နိုင်သည့်အရာတစ်ခုကို တွေးမိလိုက်ကြတော့သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...