အပိုင်း ၄၁

665 61 0
                                    

ရှေးဟောင်းနတ်ဘုရားတောင်တန်းများသည် အဇူရာကမ္ဘာမြေကြီးပေါ်၌ ရှေးအကျဆုံးမျိုးနွယ်စုများ၏ အခြေချရာအရပ် ဖြစ်သည်။

ထို့ကြောင့် ထိုရှေးဟောင်းနတ်ဘုရားတောင်တန်းများတွင် နတ်ဘုရားအဆင့် ကျင့်ကြံသူများ ရှိနေလိမ့်မည်ဟု ကျင့်ကြံသူများက ယုံကြည်နေကြ၏။

လက်ရှိအချိန်၌ နတ်ဘုရားတောင်တန်းများမှ လူများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုလူများမှာ အခြားသော ကျင့်ကြံသူများနှင့် ရောယှက်လျက်ရှိကာ ရှေးဟောင်းလင်းမိသားစု အခြေချရာမြို့ဖြစ်သည့်  လမျက်နှာမြို့သို့ ဦးတည်နေကြသည်ကို ကျင့်ကြံသူများ သတိပြုမိကြသည်။

ထိုဖြစ်ရပ်မှာ လင်းမိသားစုအတွင်းသို့ ရောက်ရှိနေသည့် အထက်ဘုံမှအရှင်ငယ်ဖြစ်သူနှင့် ပတ်သက်မှုရှိနိုင်သည်။

"လမျက်နှာမြို့"...။

လမျက်နှာမြို့သည် ရှေးမြို့ဟောင်းတစ်ခုဖြစ်ပြီး  အလယ်ပိုင်းကောင်းကင်ဒေသ၏ အထင်ကရမြို့ကြီးများအနက် တစ်ခုဖြစ်သည်။

ကျောင်းဇူနယ်မြေ၏ အခြားသောအစိတ်အပိုင်းများနှင့် ဆက်သွယ်မှုရှိပြီး   နယ်လှည့်ကျင့်ကြံသူများ၏ ခရီးတစ်ထောက်နားခိုရာ မြို့တစ်မြို့ဖြစ်သည်။

ရောင်စုံတိမ်တိုက်များက ကောင်းကင်ယံထက်၌ သွယ်တန်းလို့ ရှိ၏။ပိတ်ပိန်းထူထပ်လှသော မြူခိုးတွေက မြို့ကြီးတစ်မြို့လုံးကို လွှမ်းခြုံထားသည်။

မြို့အတွင်းရှိ လမ်းမကြီးအနီးတွင်စားသောက်ဆိုင်များ၊ကုန်ပစ္စည်းအရောင်းဆိုင်များ၊အိမ်တော်များနှင့် မျှော်စင်များက စီစီရီရီ တည်ရှိနေကာ ကြက်ပျံမကျ စည်ကားလှသည်။

မြောက်များလှသည့် မှော်သင်္ကေတများထံမှ ထွက်ပေါ်နေခဲ့သည့် ပြိုးပြိုးပျက်ပျက် အလင်းရောင်များမှာလည်း  တစ်မြို့လုံး၏ နေရာအနှံ့မှ ထွက်ပေါ်နေကြ၏။

လက်ရှိအချိန်၌ မြို့၏ လမ်းမကြီးများပေါ်တွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ရှိနေကြသည့် ကျင့်ကြံသူများ၊မှော်သားရဲများက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora