သူတော်စင်စိတ်ဝိဥာဏ်အကြွင်းအကျန်ကို လက်စတုံးပေးပြီးလိုက်သည်နှင့် ဂူချန်းဂျီလက်ထဲရှိ ဖျက်ဆီးခြင်းရှစ်ပါးနတ်ဆိုးလှံကို လေ့လာလိုက်သည်။အေးစက်စက် နတ်ဆိုးစွမ်းအင်များက လှံမှတစ်ရိပ်ရိပ်ထွက်ပေါ်နေသည်က အလွန်ပင် ခန့်ညှားထည်ဝါမှုရှိသည်။
၎င်း၏ အလေးချိန်အရ ပေါ့ပါးသည့်အရာတော့ မဟုတ်ပေ။
ဂူချန်းဂျီ ခန့်မှန်းရသလောက် ၎င်းမှာပေါင်ချိန်သောင်းချီပြီး လေးလိမ့်မည်ဖြစ်သည်။
လှံ၏ အေးစက်ပြီးနက်မှောင်သည့် ကိုယ်ထည်က အနက်ရောင်သတ္ထုစပ်တစ်မျိုးဖြင့် သွန်းလုပ်ခဲ့ခြင်း ဖြစ်နိုင်၏။
ဂူချန်းဂျီကြည့်လေလေ ပိုပြီးနှစ်သက်လာလေလေ ဖြစ်လာခဲ့သည်။
သူ့၏ ခန္ဓာဖွဲ့စည်းပုံက အထက်ဘုံရှိရွယ်တူများကြားတွင်ပင် အားကောင်းသူဟု ဆိုနိုင်ပေမယ့် လှံ၏ လေးလံမှုကို ခံစားနေရဆဲ ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ သူ့၏ နတ်ဆိုးနှလုံးသား၏ လှံအပေါ်ဆက်နွယ်မှု ရှိနေခြင်းကြောင့်သာ လေးလံရုံမျှခံစားနေရတာ ဖြစ်သည်။
အခြားသူများအတွက်မှာမှု ထိုသို့ခံစားနိုင်ဖို့မဆိုထားနှင့် ထိပင်ထိနိုင်လိမ့်မည်မဟုတ်ချေ။
လှံ၏ အလေးချိန်က ဂူချန်းဂျီ ကိုင်ဆောင်နိုင်ရန်အတွက်သာ ဤမျှလေးလံ့နေခြင်းဖြစ်သည်။
၎င်း၏ မှုလအလေးချိန်မှာတော့ ခန့်မှန်းရန် ခက်ခဲလှ၏။
"ကြည့်ရတာ မင်းက ငါ့ကို မင်းရဲ့ဆွေမျိုးလို့ သတ်မှတ်ထားတဲ့ပုံပဲ...။"
"ဒီနေ့ကစပြီး မင်းငါ့နောက်ကို လိုက်ခဲ့..။"
ဂူချန်းဂျီ စိတ်ကျေနပ်မှုရှိသည့်အသွင်ဖြင့်ပြောလိုက်၏။
တစ်ဆက်ထဲမှာပဲ သူ့ခေါင်းထက်မှ နတ်ဆိုးတံဆိပ်တော်ကို ရုတ်သိမ်းလိုက်သည်။
သူတော်စင်တစ်ပိုင်းအဆင့် ကျင်ကြံသူတစ်ဦး၏ စိတ်ဝိဥာဏ်အမျှင်တန်းကို စုပ်ယူပြီးသည့်နောက်တွင် သူ့၏ ကျင့်ကြံမှုက နောက်တစ်ဆင့်ကို ချိုးဖြတ်သွားခဲ့သည်ဟု ဂူချန်းဂျီ ခံစားနေရ၏။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...