အပိုင်း ၇၁ မှ ၇၅

800 63 12
                                    


အပိုင်း (၇၁)

သားအဖနှစ်ဦး စကားလက်ဆုံကြနေသည်။

နှစ်ဦးသားခေါင်းချင်းဆိုင်နေခဲ့ကာ အနာဂတ်အစီအစဥ်များ ချမှတ်နေခြင်း ဖြစ်သည်။

ကျင့်ကြံမှုနှင့်ပက်သက်ပြီး  ဂူချန်းဂျိီတွင် နားမလည်တာရှိမည်ကိုစိုးရိမ်သဖြင့် ဖခင်ဖြစ်သူမှ မေးမြန်းလိုက်သည်။

၎င်းကို ဂူချန်းဂျီမည်သို့ပြန်ဖြေရမည်ပင် မသိပေ။

အမှန်တော့ စနစ်အားကိုးဖြင့် သူ့၏ကျင့်ကြံမှုတွင် မည်သည့်ခက်ခဲမှုမျိုးမှ ရှိမနေခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း ဖခင်ဖြစ်သူ၏ ကြင်နာသည့်စိတ်ကြောင့် သူ့စိတ်ထဲနွေးထွေးလာခဲ့ကာ ကျင့်ကြံမှုအပေါ်၌ ယခင်ထက်ပိုပြီးအာရုံစိုက်ရန် ဂူချန်းဂျီဆုံးဖြတ်ချက်ချလိုက်၏။

လက်ရှိသူသည် အလွန်သန်မာနေခဲ့ပြီဖြစ်တောင်မှ ဖြစ်သည်။

အချိန်အတန်ကြာမြင့်ပြီးနောက် စကားဝိုင်းကို အဆုံးသတ်လိုက်၏။

နန်းတော်အတွင်းမှ ထွက်ခွါလုဆဲဆဲ ဂူချန်းဂျီကို ဂူလင်းထန် စကားအချို့ကို မှာ​လိုက်သည်။

"မင်းအမေလည်း မင်းကိုမျှော်နေတာ ကြာလှပြီ...။"

"အချိန်ရှိရင် အမှောင်နန်းတော်ကို တစ်ခေါက်လောက်သွားပြီး သူမကိုသွားတွေ့ပေးလိုက်အုံး...။"

"ဟုတ်ကဲ့ပါ အဖေ...။"

ဂူချန်းဂျီ ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။

ပြောရင်းဖြင့်  မိခင်ဖြစ်သူ၏ဝိုးတဝါးပုံရိပ်များက သူ့ခေါင်းထဲ၌  ပီပြင်လာခဲ့သည်။

သူ့၏မိခင်ဖြစ်သူသည် အမှောင်နန်းတော်၏ စွမ်းအားအကြီးဆုံးနတ်ဘုရားမတစ်ပါးဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ပင် အဆင့်အတန်းတူသည်ဟု ဆိုနိုင်၏။

အမှောင်နန်းတော်သည် ဂူမျိုးနွယ်စုနှင့် သက်တမ်းရှည်ကြာသည့် မိတ်ဖက်အင်အားစုတစ်ခုဖြစ်သည်။

၎င်းမှာလည်း အထက်ဘုံ၏ ထိပ်သီးအင်အားများ၌ တစ်ခုအပါအဝင်ပင် ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now