"ဂူသခင်လေး အဲဒီတပည့်မိုက်
ရီချန်က ကိစ္စကြီးတွေကိုနားလည်မှုမရှိသူမို့ အပြစ်ကျုးလွန်ခဲ့ပါတယ်။ဒီအတွက် သခင်လေးစိတ်မရှိဖို့ကို အနူးအညွန့်တောင်းဆိုပါရစေ။"ထိုစကားပြောလိုက်သည့် ထန်းရွမ်တော်ဝင်ဂိုဏ်းအရှင်၏ မျက်နှာက သိပ်မကောင်းလှပေ။
သူက တောင်းပန်စကားမဆုံးခင်မှာပဲ ဂိုဏ်းအကြီးအကဲများကို ထောက်ခံရန် မျက်ရိပ်မျက်နှာကဲပြလိုက်၏။
ဧည့်သည့်အပေါင်းလည်း စိတ်ဝင်
စားစွာ စောင့်ကြည့်နေကြသည်။ထန်းရွှမ်တော်ဝင်သခင် မျက်နှာအပျက်ခံတယ်တဲ့လား...။
အားလုံးရဲ့အတွေးထဲ၌ ယုံမှားသံသယ ရှိနေကြ၏။
"မြင့်မြတ်တဲ့တော်ဝင်အရှင် ရီချန့်ကိစ္စ ကျွန်တော်ကိုင်တွယ်ပါရစေ။"
ထိုစကားက ချူရွမ်းအမည်ရှိသည့် ထန်းရွှမ်ဂိုဏ်း၏ အသစ်စက်စက် မြင့်မြတ်သားတော်ထံမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
စကားဆုံးသည်နှင့်သူက လက်တစ်ဖက်စီတွင် မှော်သင်္ကေတတစ်ခုကို ဖော်ဆောင်ကာ ရီချန်ကိုတိုက်ခိုက်ရန်အတွက် ပြေးသွားလိုက်သည်။
"ဂျလိန်း...."
ခန်းမဆောင်တစ်ခုလုံး၌ မိုးကြိုးသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။
မှော်သင်္ကေတများ ပေါင်းစည်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ မိုးကြိုးနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။
ထန်းရွှမ်တော်ဝင်သားတော်လို့မပြောရအောင်ပင် ချူးရွှမ်၏ခွန်အားက မျိုးဆက်တစ်ခုအတွင်း၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
တစ်ဖက်တွင်ရှိသော ရီချန်မှာမူ အတွင်းစည်းတပည့်အဆင့်သာ ရှိတာ ဖြစ်သည်။
သူတို့နှစ်ဦးကွာခြားချက်မှာ မိုးနဲ့မြေကဲ့သို့။
ထင်ကြေးအရဆိုပါက ရီချန်သည် တော်ဝင်သားတော်၏ ပြိုင်ဘက်မဟုတ်ချေ။
မှော်သင်္ကေတများက ခန်းမကြီးတစ်ခုလုံးကို အလင်းတန်းများနဲ့ ပျိုးပျိုးပြက်ပြက် လင်းလက်လာစေသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...