အပိုင်း ၁၀

981 100 0
                                    

​ပြောရမည်ဆိုလျှင် ကံကြမ္မာသားတော်နှင့်လိုက်ဖက်သည့် ဇာတ်လိုက်မင်းသမီးဖြစ်သူပီပီ ဆုကျန်းချီ၏ ရုပ်ရည်မှာ ခေသူမဟုတ်ပေ။

ဆုချန်းကျီ၏ ရုပ်ရည်ကို အပြစ်ရှာဖို့ ခက်ခဲသည်က အမှန်ပင်။

သူမအသားအရေက ဖြူစင်ဝင်းမွှတ်လို့နေပြီး မျက်လုံးအစုံက ဆောင်းဦးရေပမာကြည်လင်အေးမြမှုရှိကာ ကော့ညွှတ်ရှည်လျား​သော မျက်ခုံးတစ်စုံဖြင့်တန်ဆာဆင်ထားသည်။
ပိုးသားစိမ်းပမာ စိမ်းစိုနူးညံ့ပြီး လှပသောမျက်နှာက ရှင်းသန့်ကြည်လင်လို့နေ၏။

အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားကာအညစ်ကြေးဟူ၍ မြူမှုန်မျှမတွေ့ရပေ။
တည်ငြိမ်အေးချမ်းသောသွင်ပြင်ရှိပြီး သူမအလှကို ဖော်ကြူးရန်ပင် ခက်ခဲလှပေသည်။

ဘုံကြိုးပြတ်သည့် ဒေဝီနတ်သမီးတစ်ပါးဟု တင်စားရန် ထိုက်တန်၏။
သို့ပေမယ့်လည်း ဒီနေ့ သူမအမူအယာအရ စိုးရိမ်ပူပန်နေပုံပေါ်သည်။

အကြောင်းမူကား သူမဂူချန်းကျီကို တွေ့ခွင့်တောင်းရာ သုံးကြိမ်မြောက်မှ တွေ့ခွင့်ရခဲ့သောကြောင့်ပင်။
ထိုအတွက်ကြောင့် သူမဂူချန်းဂျ်ီ၏ စိတ်ကိုနားလည်နိုင်မှုမရှိပေ။

သူမ ယခင်ကြုံဖူးသော ယောက်င်္ကျားများက ရီချန်လို သူမကို အထင်ကြီးလေးစားသည့် သူများသာဖြစ်သည်။

ထိုသူတွေအတွက်တော့ သူမက နတ်ဘုရားမတစ်ပါးပမာဖြစ်ပြီး အနီးကပ်ဖို့ အခွင့်အရေးမရှိပေ။

မည်သို့ပင် ဖြစ်စေကာမှု ဂူချန်းဂျီလို သူမကို လစ်လျှူရှုထားသည့်သူမျိုးကို တွေ့ရသည်မှာ ဆုချန်းကျီအတွက်တော့ ယခုအကြိမ်က ပထမဆုံးပဲ ဖြစ်သည်။

ထို့ကြောင့်မို့ ဆုချန်းကျီတစ်ယောက် စိတ်ထဲ မရိုးမရွဖြစ်လို့နေသည်။

သို့သော်ငြား သူမ၏ဆုံးဖြတ်ချက်ကို ပြင်မည်မဟုတ်ပေ။
လွန်ခဲ့​ေသာသုံးရက်လုံးလုံး သူမ၏အခြားဝိဥာဏ်နှင့် တိုင်ပင်ခဲ့ပြီး လက်ရှိအခြေအနေကို ပြင်ဆင်ရန် ဘာလုပ်ရမည်ဆိုတာ သိနေပြီပဲဖြစ်၏။

"မြင့်မြတ်တဲ့သမီးတော်က ဘာကြောင့်မို့ကျန်တော့်ကိုတွေ့ချင်ရတာလဲ.။"

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now