အပိုင်း (၁၁၁)
ပိုင်လီက ကောင်းကင်တာအိုရှေးဟောင်းမြို့အတွင်းရှိ သူငှားရမ်းနေထိုင်ရာစံအိမ်သို့ပြန်ရန် စိတ်ကူးလိုက်၏။
လက်ရှိတွင် သူ့အနေနဲ့မျိုးနွယ်စုထံပြန်ဖို့ကိုတော့ စိတ်ကူးထားခြင်းမရှိသေးပေ။
အကြောင်းမှာ တာအိုနတ်ဘုရားနန်းတော်တွင် ပေါ်ထွက်လာမည့်အခွင့်အလမ်းများက သူ့ကိုစောင့်ကြိုနေဆဲဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူထွက်သွားဖို့ သင့်လျော်မှုမရှိသေးတာ ဖြစ်၏။
ထိုအချိန်တွင်...။
နောက်ကျောဘက်မှ သူ့ထံဦးတည်လာနေသည့်ခြေသံတစ်ခုကို သတိပြုမိသွားသောကြောင့် ပိုင်လီ လှည့်ကြည့်မိလိုက်၏။
တစ်ဆက်ထဲမှာပဲ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူမှင်သက်သွားရ၏။
လူစည်းကားသည့် လမ်းမအပေါ်တွင် အနီရောင်ဝတ်စုံဝတ်မိန်းမပျိုတစ်ဦးက သူ့ထံအပြေးလာနေခြင်းကြောင့် ဖြစ်သည်။
နှင်းများလိုဖြူစင်ပြီး နူးညံ့ပျော့ပြောင်းသော မြေခွေးအမြီးကိုးချောင်းက သူမ၏လက်မောင်းများတွင် တောက်ပစွာရစ်ပတ်နေကြ၏။
သူမ၏ လှပသောမျက်နှာလေးက ပုရိသအပေါင်းကို သိမ်းကြုံးညှို့ယူနိုင်စွမ်းနှင့် ပြည့်စုံလှပေသည်။
သို့ပေမယ့် ယခုမှာမှု ထိုမျက်နှာလေးပေါ်၌ တောင်းပန်ရိပ်များ စွန်းထင်နေသည်ကို တစ်စုံတစ်ယောက်က မြင်ရမည် ဖြစ်သည်။
ထိုအပြေးတစ်ပိုင်းလှမ်းလာနေသည့် မိန်းမပျိုလေးက အခြားသူတော့မဟုတ်ပေ။
အမြီးကိုးချောင်းကောင်းကင်ဘုံမြေခွေးမျိုးနွယ်စု၏ သူတော်စင်မဖြစ်သူ ရင်မိန်ပဲ ဖြစ်သည်။
ဇနီးလောင်းဖြစ်သူက သူနောက်ကိုလိုက်လာခဲ့သည်ကိုမြင်ပြီး ပိုင်လိီ အပျော်လုံးဆို့သွားသည်။
အကြောင်းမှာ ရင်မိန်၏လုပ်ရပ်က ဂူချန်းဂျီကို အဆုံးစွန်ထိဆန့်ကျင်လိုက်မှန်း သိသာနေခြင်းကြောင့် ဖြစ်သည်။
ESTÁS LEYENDO
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Aventuraဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...