အပိုင်း ၄၆

645 65 0
                                    


ကျောင်းလုတော်ဝင်မြေ ပျက်သုန်းသွားသည်ကို ဂူချန်းဂျီအရေးစိုက်ခြင်းမရှိပေ။

သူ့အတွက်တော့ ထိုသူတွေကိုဖျက်ဆီးလိုက်ခြင်းက ပုရွက်ဆိတ်လေးတွေကို နင်းသတ်လိုက်သည်နှင့် ခြားနားမှုမရှိတာ ဖြစ်သည်။

လူအိုကြီးမင်သည် အထက်ဘုံမှ ကြိီးကျယ်ခမ်းနားသည့် နတ်ဘုရင်တစ်ပါး ဖြစ်သည်။

ဤအဆင့်နိမ့်ကမ္ဘာ၏ ကမ္ဘာ့ဥပဒေမှ  လူအိုကြီးမင်၏ကျင့်ကြံမှုအဆင့်ကို  အမည်ခံနတ်ဘုရားအဆင့်သို့လျော့ချထားခြင်းကြောင့် ကျင့်ကြံမှုအမှန်ကို ဖော်ထုပ်နိုင်ခြင်းမရှိပေ။

သို့သော်လည်း ကျောင်းလုတောင်ဝင်မြေကိုဖျက်ဆီးပြစ်သည်က လူအိုကြီးမင်အတွက်တော့ ထမင်းစားရေသောက်သလောက်ပင် လွယ်ကူနေဆဲမြဲ ဖြစ်သည်။

ရှိသေးသည်က ဤအဆင့်နိမ့်ကမ္ဘာ၌ အမည်ခံနတ်ဘုရားအဆင့်သို့ ရောက်ရှိသူမရှိသည်မှာ နှစ်ပေါင်းသန်းနှင့်ချီသည်တိုင်အောင် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

တန်ခိုးရှင်အဆင့် ကျင့်ကြံသူမှာ လက်ရှိ အင်အားကြီးတော်ဝင်မြေများ၊ပြည်ထောင်များနှင့်အဖွဲ့အစည်းများ၌  ကာကွယ်စောင့်ရှောက်သူများ၊ အကြီးအကဲချုပ်များအဆင့် ရှိသူ ဖြစ်သည်။ အုပ်ချုပ်သူအဆင့်ကျင့်ကြံသူကိုမှု နေရာတိုင်း၌မတွေ့နိုင်ပေ။

ဂူချန်းဂျီအထင်ရ အမည်ခံနတ်ဘုရားအဆင့်ကျင့်ကြံသူမှာ နတ်ဘုရားတောင်တန်းများ၏ ကန့်သတ်နယ်မြေများ၌သာ ရှိနေနိုင်သည်။

ထို့ကြောင့် အဖိုးကြီးမင်၏ခွန်အားမှာ အလယ်ပိုင်းဒေသတွင်သူလုပ်ချင်ရာကိုလုပ်ဖို့ လုံလောက်နေသည် ဖြစ်သည်။

တစ်ခုပဲရှိသည်။

ဂူချန်းဂျီက သူ့အပေါ်ရန်စခြင်းမရှိသူတွေကို အကြောင်းမဲ့ရန်လိုနေမည်တော့ မဟုတ်ပေ။

ကြယ်ခူးမျှော်စင်မှ ထွက်ခွါလာခဲ့သည့်နောက်တွင်....။

လင်းချူဟန်အသွင်က တစ်စုံတစ်ရာကို ကြောက်ရွံ့နေပုံရသည်။

ယခင်လို ရဲရင့်ပြီးလွတ်လပ်ပေါ့ပါးသည့် ဟန်မူယာက ပျောက်ဆုံးလို့နေ၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz