ဗီလိန်တစ်ဦး၏ ကံကြမ္မာ
အပိုင်း ၁၇၁
ဘာသာပြန်.လင်းသန့်
ထိုစကားကိုကြားလိုက်သည့်အခါ ဟေးမင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့်ပြူးကျယ်သွားကာ ရုတ်တရက်ထခုန်လိုက်သည်။
သူ့အပေါ်မှ ချောမောလှပသောမျိုးနွယ်ခြားအမျိုးသမီးပင်လျှင် အလန့်တကြားဖြစ်၍ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွား၏။''ခုနကစကား ဘယ်သူပြောလိုက်တာလဲ?''
''ဘယ်သူလဲလို့''
ဟေးမင် အထိတ်တလန့်ဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးအားရှာဖွေရင်း ဆက်တိုက်အော်ပြောနေသည်။
သို့သော် ဝေဝါးနေသောမြူခိုးများ၏အလယ်၌ရှိနေသူကားသူတစ်ဦးတည်းသာဖြစ်ပြီး တခြားသူများမှာ အသံကိုမကြားခဲ့ကြသောကြောင့် ပဟေဠိဖြစ်ကာ သူ့အား မှင်သက်စွာဖြင့်ကြည့်နေကြသည်။အစောပိုင်းက အသံကိုတခြားသူတွေ ကြားလိုက်ပုံမရကြတာကြောင့် သူတစ်ယောက်တည်းသာနားကြားမှားသကဲ့သို့ဖြစ်နေသည်။
''အစ်ကို ဟေးမင်၊ ဘာများဖြစ်လို့လဲ''
ကျန်မျိုးနွယ်ဝင်သတ္တဝါငယ်များ ကပါအထိတ်တလန့်ဖြစ်ကုန်ကြပြီး စိုးရိမ်သောမျက်လုံးများဖြင့် မေးမြန်းကြ၏။
ဟေးမင်က ရုတ်တရပ်ထရပ်ကာဝူးဝူးဝါးဝါးအော်ဟစ်လိုက်သည်အတွက် သူတို့သည်လည်း ထိတ်လန့်သွားသည်။
မည်သို့ပင်ဖြစ်စေ ယခုတွင်သူတို့၏ စိုးရိမ်မှုကို ပြရမည်ဖြစ်သည်။
ဟေးမင် ခဏမျှငြိမ်သွား၏။ထို့နောက် ပြန်ထိုင်လိုက်ကာ
''ဘာမှမဟုတ်တော့ပါဘူး'' ဟုပြောလိုက်သည်။သူ့ထံ၌ စွမ်းအား၊ အင်အားတို့နှင့်ပတ်သတ်၍ မျှော်လင့်ချက်ကင်းမဲ့နေရသောအကြောင်းအရင်းများကြောင့် ယခုကဲ့သို့ထင်ယောင်ထင်မှားဖြစ်နေရခြင်းဖြစ်မည်ဟု ဟေးမင် တွေးလိုက်သည်။
အသံသည် ဝေဝါးလွန်းနေပြီး မှန်းဆခြေရာခံရန် ဝေးလွန်းလှ၏။ထို့ကြောင့် သူ့စိတ်ထဲမှပြောနေသည့်အသံကိုပြန်ကြားရတာမျိုးဖြစ်နိုင်သည်ဟု ယူဆလိုက်ခြင်းပင်..။
ŞİMDİ OKUDUĞUN
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Maceraဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...