အပိုင်း ၄၃

637 62 0
                                    


ဂူချန်းဂျီ၏ နွေးထွေးကြင်နာပြီး အများနှင့်မတူပဲ ခြားနားသည့်ဆက်ဆံပုံကို မြင်ယောင်ရင်း လင်းချူဟန်၏စိတ်တွေကို မုန်တိုင်းထန်စေခဲ့သည်။

လက်ရှိသူမရှေ့၌ ရှိနေသူများမှာ အင်အားကြီးပြည်ထောင်များနှင့်တော်ဝင်မြေများမှ မင်းသမီးများ၊မြင့်မြတ်သောသမီးတော်များ ဖြစ်နေသောကြောင့် လင်းချူဟန် စိတ်လှုပ်ရှားနေရသည်မှာ ပုံမှန်ပင်။

ထိုမိန်းမပျိုများတွင်မှု ခွေးများသဖွယ် အနောက်ကတစ်ကောက်ကောက်လိုက်ကာ ပိုးပန်းနေကြသည့်လူများမှာ ရေတွက်၍ပင် မကုန်နိုင်ချေ။

သို့သော်လည်း ပိုးပန်းသူများကို လက်လှမ်းမမှီသည့်ပန်းသဖွယ် ပြုမှုဆက်ဆံလေ့ရှိကြပြီး မပန်ထိုက်သည့်ပန်းများ၊နတ်ဘုရားမများဟု ထင်ရှားသူများ ဖြစ်သည်။

လက်ရှိမှာတော့ ထိုသူတွေမှာ တစ်ယောက်ကိုယ်တစ်ယောက် ညူစူစောင်းမြောင်းနေကြကာ ဂူချန်းဂျီအရှေ့သို့ ​အလုအယက်တိုးဝင်နေကြ၏။

မသိရင်ပင် ဆောင်ကြိုင်မြိုင်တစ်ခုရှိ အပျော်မယ်များနှင့်ပင် မှားနိုင်တာ ဖြစ်သည်။

လက်ရှိမြင်ကွင်းတွေက သာမန်ရိုးကျဖြစ်စဥ်တွေနှင့် ကွဲထွက်လျှက်ရှိသည်။ ထိုမြင်ကွင်းသာ အပြင်လောက၌ ပေါက်ကြားခဲ့မည်ဆိုပါက တစ်လောကလုံးကိုပင် အုတ်သြသောင်းနင်း ဖြစ်သွားနိုင်သည်ပဲ ဖြစ်သည်။

သို့ပေမယ့် ထိုဖြစ်ရပ်မျိုးမှာ လွန်သည်ဟု မဆိုနိုင်ပေ။

ဂူချန်းဂျီကို အမိဖမ်းနိုင်ခဲ့ပါက ထိုလုပ်ရပ်သည် စံနမှုနာထားစရာပင် ဖြစ်လာနိုင်ချေဖွယ် ရှိသည်။

"သခင်လေးဂူက ငါ့အပေါ်အရမ်းကြင်နာတာပဲ...။

လင်းချူဟန်၏ စိတ်ထဲ၌ သူမနှင့်ဂူချန်းဂျီတို့ကြား ကုန်ဆုံးခဲ့သည့်အချိန်များကိုတွေးရင်း ပီတိဖြစ်နေရ၏။

ဂူချန်းဂျီ၏ ခန့်ညားသော အပြုံးပုံရိပ်က သူမစိတ်တွေကို လွတ်လပ်ပေါ့ပါးစေခဲ့ပြီး နေသာသလိုပင် ရှိလာသည်။

တစ်ဖက်တွင်မှု..ဆုချန်းကျီမှာတော့ ထိုကဲ့သို့မြင်ကွင်းမျိုးကို ကြုံဖူးသူပီပီ တည်ငြိမ်စွာရှိနေဆဲ ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now