"ဟီး ဟီး ....ဘယ်သူတွေများလဲမှတ်တယ်။
ရှန်ရှုတော်ဝင်မြေသခင် ကျောင်းထန်၊ နေနတ်ဘုရားတိုင်းပြည်က ချူဝူကျဲနဲ့ ရှေးဟောင်း ရှောင်မိသားစုက ရှောင်ဟို တို့ပါလား...။""တကယ်ကို မထင်ထားမိဘူး....။"
"အုပ်ချုပ်သူတစ်ပိုင်းအဆင့် ကျင်ကြံသူ သုံးဦးတောင်ပဲ ငါ့ရဲ့နိမ့်ကျတဲ့ ထန်းရွှမ်မြေ ဇနပုဒ်ကို ကြွရောက်လာကြတာပဲ။"
"မဟုတ်မလွဲရော သခင်လေးဂူ ငါတို့ဂိုဏ်းမှာ ရှိနေတာကြားပြီး လာရောက် ဂါရဝပြုကြတာပဲ ဖြစ်မယ်။"
"သခင်လေးဂူနဲ့ တွေ့ဖို့အတွက်ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး။"
"ရိုးသားမှု ရှိဖို့တော့ လိုလိမ့်မယ်....။"
ထန်းရွှမ်တော်ဝင်အရှင် လက်တစ်ဖက်ကို ခါးနှောက်ပြစ်ကာ သက်တောင့်သက်သာရှိဟန်ဖြင့် ကောင်းကင်ထက်သို့ တက်လှမ်းလာခဲ့၏။
သူ့အသံက စနှောက်နေသည့်ပုံရပြီး အရပ်လေးမျက်နှာကို ဖြန့်ကျက်သွားတာပဲ ဖြစ်သည်။
သူနှောက်မှာတော့ ထန်းရွှမ်ဂိုဏ်းအကြီးအကဲများနှင့် တပည့်တပန်းများက ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
ထိုလူတွေ၏ မျက်နှာပေါ်၌ တည်ငြိမ်မှုရှိနေကြသည်ကို တွေ့နိုင်ပြီး အနည်းငယ်ပင် မောက်မာမှုရှိနေသည်ကို တွေ့နိုင်သည်။
ဘာလို့လဲဆိုတော့ ထိုသူတွေအတွက် မှီခိုစရာရွှေတောင်ကြီး ရှိနေခဲ့ခြင်းကြောင့်ပဲဖြစ်၏။
ထိုအရာနှင့်ယှဥ်လျှင် အရှေ့ဘက်ကုန်းမြေအတွင်းရှိ အင်အားစုတွေမှာ ကြက်ကလေး ငှက်ကလေးသဖွယ်ပဲ ဖြစ်သည်။
ထိုအကြောင်းမှန်ကို သိနေတဲ့သူတွေ၏ စိတ်မှာတော့ သွေးနထင်ရောက်နေသလို ခံစားနေတာပဲ ဖြစ်သည်။
ထိုသူတွေစိတ်ထဲမှာ ဂူချန်းဂျီနှင့်ယှဥ်လျှင် အခြားအင်အားစုတွေဆိုတာက အရိုက်ခံဖို့စောင့်နေတဲ့ ဖားလေးတွေပဲ ဖြစ်သည်။
တစ်ချက်ထက် ပိုရိုက်ဖို့မလိုပေ.....။
အကယ်ဤများ ထိုသူတွေက ထန်းရွှမ်တော်ဝင်မြေကို ရန်စခဲ့မယ်ဆိုလျှင် ဂူချန်းဂျီ ၏ အမျက်ဒေါသကို ရင်ဆိုင်ရမယ်ဆိုတာ သေချာသည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...