"ဝှစ်...။"
အလင်းတန်းများ လင်းလက်သွားခဲ့သည်။
လေဟာနယ်တစ်ခုလုံးပင် တုန်ယင်လာခဲ့ကာ ထိုအတွင်းမှ လူများ၏ ပုံရိပ်များထွက်လာခဲ့သည်။
၎င်းတို့အတွင်း၌ ဂူချန်းဂျီသည်လည်း ပါဝင်နေခဲ့၏။
အနီးပတ်ဝန်းကျင်ရှိလူများမှာ ဂူချန်းဂျီကိုမြင်လိုက်သည်နှင့် မျက်နှာပျက်ယွင်းသွားကြသည်။
အချို့သူများမှာ ဂူချန်းဂျီကို မှတ်မိခြင်းမရှိသော်လည်း ဂူချန်းဂျီနောက်၌ လိုက်ပါနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများကို ကြည့်ပြီး ရန်စလို့မရနိုင်မည့်သူမှန်း ရိပ်မိသွားကြကာ ထိုနေရာမှာ အလျင်အမြန်ပဲ အလျိိုလျိုထွက်ခွါသွားတော့သည်။
၎င်းကိုမြင်ပြီး ဂူချန်းဂျီမနေနိုင်ပဲ ပြုံးမိလိုက်သည်။
ယခုချိန်၌ သူ့ကိုဥာဏ်ရည်နိမ့်ပါးသည့် ငတုံးငအများသာ ရန်စဝံ့ကြမည်။
ဘယ်နေရာသွားသွား အထင်သေးခံရသည်က ဇာတ်လိုက်တွင်သာရှိသည့် စွမ်းရည်ဖြစ်သည်။
သူ့လိုဗီလိန်တစ်ဦးအတွက်တော့ မဟုတ်ပေ။
လျိူ့ဝှက်နယ်မြေအတွင်းတွင်...။
တောင်တန်းများနှင့် မြစ်ချောင်းများက လှိုင်းတွန့်သဖွယ် တည်ရှိလျက်ရှိသည်။
ရေကန်များက မြစိမ်းရောင်သဖွယ် စိမ်းညို့လျက်ရှိကာ မြင်ရသူအပေါင်းကို ရင်သတ်ရှုမောဖွယ်မြင်ကွင်းမျိုးကို ပေးစွမ်းနိုင်သည် ဖြစ်သည်။
လေထုအတွင်းရှိ စိတ်ဝိဥာဏ်စွမ်းအင်များ သိပ်သည်းနေပုံက ငွေ့ရည်ဖွဲ့တည်တော့မည့် အသွင်ပင် ဖြစ်နေ၏။
သို့သော် ဂူချန်းဂျီအတွက်တော့ ၎င်းက အထူးအဆန်းတော့ မဟုတ်ချေ။
သူလို့ အထက်ဘုံမှလာသူတစ်ဦးအနေနဲ့ လက်ရှိသူမြင်နေရသည့် စိတ်ဝိဥာဏ်စွမ်းအင်မှာ အရေးတစ်ယူလုပ်ပြီး ပြောစရာပင် မလိုအပ်ပေ။
သူနေထိုင်ရာ ဂူမျိုးနွယ်စု၏ တောင်ခြေ၌ပင် စိတ်ဝိဥာဏ်စွမ်းအင်များက ယခုထက်များနေခြင်းကြောင့် ဖြစ်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...