အပိုင်း (၇၆)တောင်ထွဋ်တစ်ခုလုံး အပ်ကျသံပင်ကြားရနိုင်အောင် တိတ်ဆိတ်နေသည်။
လူတွေအားလုံး ဆွံ့အသွားက တာဖြစ်သည်။
ဂူချန်းဂျီ၏ ဖခင်ဖြစ်သူ ဂူမျိုးနွယ်ခေါင်းဆောင်ပင် ဂူချန်းဂျီထံမှ ထိုကဲ့သိူ့မောက်မာသည့် စကားမျိုးကြားရလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။
ဤသည်မှာ မောက်မာသည်ဟုပင် ဆိုနိုင်ခြင်းမရှိတော့ချေ။
အားလုံးကို အထင်သေးစွာ ဆက်ဆံလိုက်ခြင်းပင် ဖြစ်သည်။
ဂူချန်းဂျီ၏ စကားက ဂူမျိုးနွယ်စုတစ်ခုလုံးတွင်ရှိသော လူငယ်မျိုးဆက်များအားလုံးကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဂူချန်းဂျီကတော့ ဟန်မပျက်ပဲရှိနေဆဲပင်..။
သူ့စကားကြောင့် ဖြစ်ပေါ်နိုင်သည့် ပြသနာများကို အရေးစိုက်ခြင်းမရှိသည့်အသွင် ဖြစ်သည်။
အမှန်တော့ ဂူချန်းဂျီ၏ အစီအစဥ်က တည့်တိုးဆန်လွန်း၏။
တစ်ယောက်ယောက်က သူကို့စိန်ခေါ်လာဖို့ စိတ်ဆွပေးလိုက်ခြင်း ဖြစ်သည်။
ထိုမှသာ ထိုစိန်ခေါ်လာသူကိုဖိနှိပ်ကာ မျိုးနွယ်စုခေါင်းဆောင်နေရာကို အိမ်မက်မက်နေခြင်းမှ နိုးထလာအောင် သူကကူညီပေးလိုက်မည် ဖြစ်သည်။
အကယ်၍ စိန်ခေါ်သူမရှိပါက မျိုးနွယ်စုခေါင်းဆောင်နေရာကို သူနှင့်သာထိုက်တန်မှုရှိကြောင်း ပေါ်လွင်သွားခဲ့မှာ ဖြစ်သည်။
ထို့ကြောင့် ယခုလို လူတိုင်းကိုရန်စကာ အထင်မြင်သေးစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့မှသာ အနာဂတ်တွင် ဂူမျိုးနွယ်ကို ဦးဆောင်မည်သူက မည်သူဖြစ်သည်ကို သိသာထင်ရှားခဲ့မည်ဖြစ်ကာ နောင်တစ်ချိန်တွင် မည်သူကမှ အထွန့်တက်ဝံ့တော့မည် မဟုတ်ချေ။
"ဂူချန်းဂျီ မင်းမှာ အားကိုးစရာအဖေကောင်းကောင်းရှိနေတာနဲ့ မောက်မာနေတာကို ရပ်သင့်ပြီ...။"
ထိုအချိန် အရပ်ရှည်ရှည် လူငယ်တစ်ဦးက သည်းခံနိုင်စိတ်ကုန်ဆုံးသွားပုံဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
VOUS LISEZ
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Aventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...