ဗီလိန်တစ်ဦး၏ ကံကြမ္မာဘာသာပြန်. လင်းသန့်
အပိုင်း (၁၉၄)
ရှေးဟောင်းမြို့တော်အစွန်အဖျားတစ်နေရာရှိ ခြံဝန်းတစ်ခုအလယ်တွင်..။
'သူက တားမြစ်နတ်ဆိုးလမ်းစဥ်ရဲ့ဆက်ခံသူဆိုတာထင်ရှားနေတာကို ငါ့ကို မတရားစွပ်စွဲရဲတဲ့အပြင် ငါ့ကိုတိုက်ခိုက်ဖ်ို့ လူတွေပါခေါ်လာသေးတယ်'
လက်ရှိအချိန်တွင် ရီလင်းတစ်ယောက် ဂူချန်းဂျီအား အစိတ်စိတ်အမြွာမြွာဖြစ်အောင် စုတ်ဖြဲချင်နေသောစိတ်ကို ထိန်းမရပေ။သူ့နံဘေးတွင်မှု မကြာသေးခင်က ဆုံခဲ့သော ရင်မိန်ရှိနေသည်။ ဂူချန်းဂျီ၏ လမ်းညွှန်ချက်များကြောင့် ရီလင်းက သူမကို သံသယဝင်မည်မဟုတ်ကြောင်း ရင်မိန် သေချာသိနေသည်။ အတိအကျဆိုရလျှင် ရီလင်းသည် သူမအားစွန့်ပစ်ကာ အရင်ဆုံးထွက်ပြေးခဲ့မိသောကြောင့် သူမစိတ်ပျက်သွားမှာကို ကြောက်နေမည် ဖြစ်သည်။
သို့သော် ရီလင်း လုံးဝထင်မထားခဲ့မိသည်က သူမျှော်လင့်ထားခဲ့သည်နှင့်ဆန့်ကျင်ကာ အချိန်းအချက်နေရာသို့ ရင်မိန်ရောက်လာခဲ့ပြီး သူမတွင် အသက်ကယ်နည်းလမ်းပေါင်းများစွာ ရှိသေးသောကြောင့် အန္တရာယ်အား လွတ်မြောက်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။ထိုထက် သူမက ရီလင်း၏ လုပ်ရပ်ကို နားလည်ပေးခဲ့သည်။ထိုအရာက ရီလင်းအား ပို၍ပင် စိတ်လှုပ်ရှားစေရ၏။
သို့သော် လက်ရှိတွင် သူ့နောက်မှလိုက်လာသော လူငယ်အဓိပတိကိုဖမ်းပြီး ထိုအကြောင်းအရာများကို သိလိုက်ရသောကြောင့် သူစိတ်တိုနေသည်။
'ငါရှိနေတဲ့နေရာကို ချီလင် ဖော်လိုက်တာပဲဖြစ်ရမယ်။မဟုတ်ရင် ငါဒီရှေးဟောင်းမြို့တော်ထဲမှာ ပုန်းနေမှန်း ဂူချန်းဂျီ သိစရာအကြောင်းမရှိဘူး'
'သေစမ်း အဲ့ဒီချီလင်ဆိုတဲ့ မြေခွေးမနဲ့ ဂူချန်းဂျီတို့က အရင်ကတည်းက တစ်ကျိတ်တည်း တစ်ဥာဏ်တည်းဆိုတာ ငါအစောကြီးတကည်းက သိသင့်တယ်။ဘာ့ကြောင် ငါ သူမကို ဒီလောက်ထိ ယုံခဲ့မိတာလဲ'ဤရက်များတွင် သူ့အား နေ့ရာအနှံ့ရှာနေကြသော ကျင့်ကြံသူများ ကောင်းကင်တွင် ပျံသန်းနေကြသည်ကို ရီလင်းတွေ့နေရ၏။ဤအရာသည် ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုဝင်များ အလိုက်ကိုခံရခြင်းထက် သာ၍စိတ်ပျက်ဖွယ်ကောင်းသည်။
ВЫ ЧИТАЕТЕ
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Приключенияဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...