စနစ်မှ အသိပေးချက်ကိုကြားပြီး ဂူချန်းဂျီကျေနပ်သွားသည်။သူလုပ်ဆောင်သည့် တာဝန်မှာ လွယ်ကူလွန်းနေရုံမကပဲ ကံကြမ္မာအမှတ် ခုနှစ်ရာကိုပင် ပေးသည် ဖြစ်၏။
အစောပိုင်းက မှော်ဆေးပညာတာအို စာအုပ်အတွက် ကံကြမ္မာအမှတ်တစ်ရာကုန်ကျခဲ့သည်ကို အစားပြန်ပေးသည့် အလားပင်။
လက်ရှိသူ့တွင် အမှတ်သုံးထောင်ကျော်ရှိနေပြီး ၎င်းမှာ မနဲမနောပမဏတစ်ခု ဖြစ်သည်။
စနစ်၏ တာဝန်ပြီးဆုံးမှုအတွက် အဆင့်သတ်မှတ်ချက်ကိုတော့ သူစိတ်မဝင်စားပေ။ စနစ်တွင် သူ့စံအတိုင်းအတာနှင့်သူ ရှိနိုင်သည် ဖြစ်သည်။
သူကတော့ သူစိတ်ဦးတည့်သည့်အတိုင်းသာ လုပ်ခဲ့ရုံမျှ ဖြစ်သည်။
သူသည် လင်းချုဟန်နှင့် ဆုချန်းကျီအျပါ် ကြင်နာစွာဆက်ဆံသည်မှာ ၎င်းတို့မှာ သူအဈီအစဥျထဲ ပါဝင်နေကြသူများဖြစ်သောကြောင့် ဖြစ်သည်။
"ကျောင်းလုတော်ဝင်မြေသားတော် ဟုတ်လား...?"
"သူ့ကိုယ်သူ ဘာများထင်နေလဲ မသိ..။"
"သူ့ကိုယ်သူ ကောင်းကင်သားတော်တစ်ဦးလို့ မှတ်ယူနေပုံရတယ်...။"
"ငါ့ရှေ့မှာ ချိုကြွပြဖို့ ဘယ်သူကများမင်းကို မြှောက်ပေးလိုက်သလဲ...?။"
"ဆိုးတာက မင်းဘဝက ငါအပြင်းပြေလှီးတဲ့ ကြက်သွန်ဥဖြစ်ဖို့တောင် အဆင့်မရှိတဲ့ ပုရွက်ဆိတ်လေးပဲ....။"
ဂူချန်းဂျီ အနေနဲ့ ကျင်းယန်ကို လွယ်လွယ်လေး ရိုက်သတ်နိုင်တာ ဖြစ်သည်။
မည်သည့်အကြောင်းပြချက်မှ ရှာနေဖို့မလိုချေ။"ရီချန်ရှိတဲ့ နေရာအတွက်လား..?"
ဂူချန်းဂျီ အစောကှိီးကပငြ သိနေပြီသား ဖြစ်သည်။ သူ့အနေနဲ့ စနစ်မှပေးသည့် ကျပန်းတာဝန်ကြောင့်သာ ရီချန်အမည်ကို ခုတုံးလုပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကြယ်ခူးမျှော်စင်မှာ သုသာန်ပြင်တစ်ခုလို ဆိတ်ငြိမ်လျှက် ရှိသည်။
လူတိုင်း၏ မျက်နှာအမှုအယာမှာ ဖြူရော်နေကြ၏။ ၎င်းတို့ရှေ့၏ မြင်ကွင်းက သူတို့၏ပါးစပ်များကို အာစေးမိသွားစေခဲ့သည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...