"ဒီလိုသာဆိုရင် ကံကြမ္မာသားတော်ရဲ့ကံကောင်းမှုပမာဏကို အတိုင်းအတာတစ်ခုထိ ကုန်ဆုံးစေခြင်းမရှိပဲ သတ်ပစ်ဖို့က မဖြစ်နိုင်ဘူးပေါ့..."
အချိန်အတန်ကြာ စနစ်နှင့် ဆက်သွယ်နေရာမှ ဂူချန်းဂျီ မျက်ခုံးပင့်ကာမေးလိုက်၏။
{"မှန်ပါတယ် ပိုင်ရှင်ရဲ့လက်ရှိခွန်အားအရ ကံကြမ္မာသားတော်ကိုသတ်ဖို့လွယ်ကူပုံရပေမဲ့ ကံတရားရဲ့ ဖေးမမှုကြောင့် ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သေချာပေါက်အပြောင်းအလဲတွေ ဖြစ်လာမှာပါ။
ဘာကြောင့်ဆိုတော့ ပိုင်ရှင်ကိုယ်တိုင်က ကြီးမားတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲလေ..}စနစ်မှရှင်းပြလိုက်၏။ထိုစကားကို ဂူချန်းဂျီ လက်ခံပြီးခေါင်းညိတ်လိုက်သည်။
ကံကြမ္မာသားတော်တွေက အမည်နှင့်ထိုက်တန်အောင်ပဲ နတ်ဘုရားများ၏ စောက်ရှောက်ခြင်းခံရပုံပေါ်သည်။
အရိုးရှင်းဆုံး ဥပမာပေးရလျှင် ဂူချန်းဂျီအနေဖြင့် ရီချန်အား အမှန်တကယ်သတ်ပစ်ရန် လုပ်ဆောင်ပါက ကောင်းကင်မိုးကြိုး သူ့အပေါ် အကြောင်းမဲ့ ပြစ်ချခြင်း (သို့) ဘေးအန္တရာယ်ဆိုးတစ်ခုခုနှင့် ကြုံတွေ့ခြင်းများ ဖြစ်လာမည်မှာက လွဲဧကန်ပင်။
သို့သော် နတ်ဘုရားများက ရီချန်အား မည်မျှပင် ကာကွယ်ပေးနေပါစေ။ သူက ရီချန်ကို ဖြည်းဖြည်းချင်းကစားမှာပဲဖြစ်သည်။
ထို့ကြောင့် ဂူချန်းဂျီက ယခုကိစ္စအတွက် ပူပန်မနေပဲ စိတ်ထဲမှာပင် ကျိတ်ရယ်နေခဲ့၏။
ထို့နောက် ကြုံကြိုက်တုန်း ခန်းမအတွင်းရှိလူများ၏ ကံကောင်းမှုအမှတ်များကို ကြည့်ရှုလိုက်၏။
ကံကောင်းမှုအမှတ် ငါးရာ ရှိသည့်ရီချန်မှလွဲ၍ ဆုချန်းကျီ ၏ ကံကောင်းမှုအမှတ် သုံးရာ့ငါးဆယ်မှာ အများဆုံး ဖြစ်သည်။
သူထင်ထားသည့်အတိုင်း ဇာတ်လိုက်မင်းသမီးနေရာမှ ဆုချန်ကျီ ပြေးမလွတ်ပေ။
သူသံသယရှိနေသည်က အခုနေသာ သူဆုချန်းကျီကို ကျူးလွန်မိလိုက်ပါက ကံကြမ္မာ၏ ဒဏ်ခတ်မှုကို ခံရနိုင်မလားဆိုတာပင် ဖြစ်သည်။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...