"ငါ့ကို ခွင့်လွှတ်ပေးပါ သခင်လေးဂူ....။"
အဆုံးစွန်ထိတိုင် အရှက်ကွဲလေခြင်းဟု ရီလျူလွီခံစားနေရ၏။
တုန်ယင်လို့နေသည့်သူမအသံက ထိုစကားကိုပြောရန် သူမနှုတ်ဖျားမှမည်မျှအားစိုက်ကြိုးပမ်းခဲ့ရသည်ကို ဖော်ပြနေခဲ့သည်။
ထိုစကားပြောပြီးသည်နှင့် မြေကြီးထဲကိုပင် ငုတ်လျိုးသွားလိုစိတ်များပင် ဖြစ်နေခဲ့သည်။
သူမလို ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုမင်းသမီးတစ်ပါးအနေနဲ့ မွေးဖွားလာချိန်မှစပြီး ကောင်းကင်မှလမင်းတစ်စင်းလိုပင် လူတကာမှချီးမြောက်ခြင်းကိုသာ ခံခဲ့ရတာဖြစ်သည်။
ယနေ့လို အရှက်ခွဲခံရသည်မျိုးတော့ သူမဘယ်တုန်းကမှ ကြုံဖူးခဲ့ခြင်းမရှိပေ။
တစ်ဖက်လူမှာ သူမကိုင်တွယ်ဖို့မလွယ်ကူသောသူဖြစ်နေခဲ့ပြီး သူမနောက်ခံအင်အားသုံးရင်ပင် ဖိနှိပ်နိုင်ခဲ့ခြင်းမရှိချေ။
"မင်းတောင်းပန်နေဖို့ မလိုပါဘူး...။"
"ဒီအရှင်က ကြောင်းကျိုးဆီလျှော်မှုမရှိတဲ့သူမဟုတ်ဘူး...။"
"ဒီလိုအသေးအဖွဲ့ကိစ္စနဲ့တော့ မင်းကိုအခက်တွေ့စေမှာမဟုတ်ဘူး...။"
ဂူချန်းဂျီ လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
တစ်ဆက်ထဲမှာပဲ လှောင်ပြုံးတစ်ခုပြုံးကာ အဖိုးကြီးမင်ကိုရပ်ဖို့ အမိန့်ပေးလိုက်၏။
အမှန်တော့ ဂူချန်းဂျီစကားနှင့်အပြုအမှုတွေက တရားမျှတသည့်ပုံရှိနေသော်လည်း ကိစ္စတစ်ခုကိုတော့ ရီလျုလွီကောင်းစွာသဘောပေါက်ထားသည်။
အကယ်ဤ သူမသာတောင်းပန်ခြင်းမရှိခဲ့ပါက အခြားသူများ၏သေခြင်းတရားမှာ အနှေးနဲ့အမြန်ဆိုသလို ကျရောက်မည် ဖြစ်၏။
တစ်ဖက်လူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်သူ တစ်ယောက် ဖြစ်သည်။
သူ့၏ စိတ်ကူးစိတ်သန်းတွေနှင့် တွက်ချက်မှုတွေက ခန့်မှန်းနိုင်ရန်ခက်ခဲလှပေသည်။
ထိုအရာများက ရီလျူလွီကို နောင်တရလာစေခဲ့သည်။
အဘယ့်ကြောင့် ဤကဲ့သို့လူမျိုးကိုမှ သူမရန်စမိရသနည်း....။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...