အပိုင်း ၈၆ မှ ၉၀

809 63 3
                                    


အပိုင်း (၈၆)

မဟူရာရောင်တစ်ဖိတ်ဖိတ် တောက်ပနေသည့် ဓားတစ်ချောင်းက ယွဲ့မင်းခုန်ကိုယ်ပေါ်သို့ စိုက်ဝင်နေခဲ့ခြင်းပင်...။

"ဗြစ်..။"

သွေးတစ်လုပ်နှင့်အတူ သူမရှေ့ကပုံရိပ်များက ဝိုးတဝါးဖြစ်လာခဲ့၏။

အနီရောင်သတို့သမီးဝတ်စုံက ပိုလိုပင် နီစွေးလာခဲ့တော့သည်။

သူ့အပေါ်သို့ များပြားလှသော သွေးများက ဖိတ်စင်လာခဲ့သည်ကို ဂူချန်းဂျီ ခံစားလိုက်ရ၏။

ယွဲ့မင်းခုန်၏ နောက်ဆုံးအချိန်တွင် ခံစားနေရသည့် တုန်လှုပ်မှု၊မယုံကြည်နိုင်မှုနှင့် ပဟေဌိဖြစ်နေမှုများက သူ့စိတ်နှလုံးကိုပင် တုန်လှုပ်ခြောက်ခြားစေရသည်။

ထိုအခိုက်တွင် သူက အပြင်လူတစ်ယောက်ပမာ ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်သော်ငြားလည်း ထိုအချိန်တွင် သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်နေခဲ့၏။

ယခုဖြစ်စဥ်ကို တားဆီးဖို့က ဝေလာဝေး ဖြစ်သည်။

သိပ်မကြာလိုက်ပေ။

ပုံရိပ်များက တစ်ဖန်ပျောက်ကွယ်သွားတော့သည်။

ဂူချန်းဂျီတစ်ယောက် အချိန်အတန်ကြာသည်အထိ နှုတ်ဆိတ်သွားရသည်။

ထို့နောက် သက်ပြင်းတစ်ချက်ချကာ တီးတိုးရေရွတ်လိုက်သည်။

"မထူးဆန်းပါဘူး....။"

"ဒါကြောင့်လည်း ယွဲ့မင်းခုန်က ငါပြောတဲ့စကားကို မကြိုက်တဲ့အပြင် စက်ဆုပ်ရွံ့ရှာသွားတာပဲ...။"

"သူ့နေရာမှာသာဆို ငါလဲ စော်ကားနေတယ်လို့ ထင်မိမှာပဲ...။"

ယွဲ့မင်းခုန်၏ သစ္စာဖောက်ခံရသည့်အဖြစ်က သူရင်းနှီးကျွမ်းဝင်နေခဲ့သည့် ဇာတ်လမ်းဇာတ်ကွက်မျိုးပင်..။

သို့ပေမယ့် ယွဲ့မင်းခုန်က သူ့ဇနီးလောင်းဖြစ်နေခဲ့သည့်အတွက် ဖြေရှင်းဖို့ မလွယ်ကူလှပေ။

"ဘာပဲ ဖြစ်ဖြစ်လေ...။"

" လက်ရှိအခြေအနေအရဆို ယွဲ့မင်းခုန်ကြုံဖူးတာက တကယ်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး....။"

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now