အခန်းအပြင်ဘက်တွင်...။
ဂူချန်းဂျီလက်ကိုနောက်ပြစ်ထားပြီး ရှေ့တွင်ရှိ ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို အကဲခတ်နေ၏။
နို့နှစ်ရောင်ပမာ ဖွေးဆွတ်နေသောအသားအရည်၊လှပတဲ့ကောက်ကြောင်း၊အပြစ်ဆိုဖွယ်ရာမရှိသောမျက်နှာလေးနှင့် ရှည်လျားသောပေါင်တံတစ်စုံရှိသည့်မိန်းကလေးမှာ ဂူချန်းဂျီခန့်မှန်းသလောက် အသက်ဆယ့်ရှစ်နှစ်ထက် ကျော်သေးမည် မဟုတ်ပေ။
ထူးခြားချက်တစ်ခုက သူမ၏ မျက်လုံးတွေက သာမန်လူသားတွေနှင့် ခြားနားနေခြင်း ဖြစ်သည်။
ရောင်စုံပုတီလုံးများက မျက်ဝန်းအတွင်း၌လှည့်ပတ်နေသလိုပင် ရှိနေတာ ဖြစ်သည်။
ဂူချန်းဂျီ စိတ်ထဲ၌ မနေနိုင်ပဲ ကျိန်ဆဲမိလိုက်၏။
ရီချန်သည် ကံကြမ္မာသားတော်ပီပီ ကံကောင်းမှုအမှတ်များစွာရှိသည်မှာ ပုံမှန်ပဲဖြစ်သည်။
သို့သော် ယခုသူရှေ့မှောက်၌ ရောက်နေခဲ့သည်မိန်းကလေး၏ ကံကောင်းမှုအမှတ်မှာ ရှစ်ရာကျော်ရှိနေလို့ပဲ ဖြစ်သည်။
သူမ၏ကံတရားမှာ ကံကြမ္မာသားတော်ဖြစ်သူရီချန်ထက်ပင် ကောင်းမွန်နေပုံရ၏။
သို့သော်လည်း ဂူချန်းဂျီတွေးထင်ထားသည်ကိုတော့ ကျော်လွန်ခြင်းမရှိတာ ဖြစ်သည်။
အကြောင်းမှာ သူ့ရှေ့တွင်ရှိသည့် မိန်းကလေးမှာ ရီချန်၏ အကြီးမားဆုံးနောက်ခံဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရီချန်၏ဝမ်းကွဲဆိုသည့်မိန်းကလေးကို ဘယ်လိုကိုင်တွယ်ရမည်ကိုတော့ ဂူချန်းဂျီခေါင်းထဲ၌ အစီအစဥ်ရှိနေပြီးသာ ဖြစ်သည်။
သူတို့တစ်တွေက ငယ်ကျွမ်းဆွေတွေပဲ ဖြစ်နေပါစေ။
သူမလို အသက်ဆယ့်ရှစ်နှစ်ပင်ပြည့်ပုံမပေါ်သေးတဲ့ မိန်းမငယ်လေးကို ဂူချန်းဂျီ လွယ်ကူစွာ ဆော့ကစားနိုင်မည် ဖြစ်သည်။
ရန်ကျဲလို အတွေ့ကြုံရင့်သည့်မိန်းမမျိုးပင် ဂူချန်းဂျီ၏လှည့်ကွက်ထဲကို အရိပ်အယောင်မမြင်လိုက်ရပဲ ကျဆင်းခဲ့သေးတာ ဖြစ်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...