အပိုင်း ၃၂

716 79 0
                                    


လင်းတန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်သည်။

သူ့ ၏နက်ရှိုင်းသောအတွင်းစိတ်တစ်နေရာမှ သက်သာရာမရ ဖြစ်လာခဲ့ပြီး  ဆောက်တည်ရာကင်းမဲ့စွာဖြင့် လင်းချူဟန်ကို အော်ခေါ်လုဆဲဆဲပဲ ဖြစ်သည်။

ဤသည်မှာ မှုလခန္ဓာပိုင်ရှင်၏   စိတ်ခံစားချက်အကြွင်းအကျန်ကြောင့် ထိုသို့ဖြစ်ရသည်ကို လင်းတန်သိသည်။

သူ့မှတ်ဥာဏ်အရ လင်းချူဟန်မှာ မူရင်းခန္ဓာပိုင်ရှင်အပေါ်၌ အကောင်းဆုံးနှင့် အရင်းနှီးဆုံးလူသားတစ်ဦးပဲ ဖြစ်သည်။

အပြင်ပန်းကြည့်ရင် သူ့အပေါ်၌ စည်းကမ်းတင်းကြပ်ပြီး အမြဲဆူပူလေ့ရှိပေမယ့် အမှန်တကယ်မှာတော့ သူမမှာ သူ့အပေါ်အလွန်ကောင်းတာ ဖြစ်သည်။

အခြားသော လင်းမိသားစုများကဲ့သို့ မောက်မောက်မာမာ ဆက်ဆံပြီး အထင်သေးခြင်းလည်း မရှိပေ။

မှုလ လင်းတန်ဖြစ်သူမှာ သူ့အမအပေါ်၌  ​အမည်မဖော်နိုင်သော စိတ်ခံစားချက်မျိုး ရှိနေခဲ့တာ ဖြစ်သည်။

သို့သော်လည်း လင်းချူဟန်မှာ အလွန်တော်ပြီး ပြီးပြည့်စုံနေခဲ့တာ ဖြစ်သည်။

အခြားတစ်ဖက်မှာတော့ သူက မည့်သည့်ပါရမီမှ မရှိသော အမှိုက်ကောင်တစ်ဦး ဖြစ်လို့နေ၏။

ထို့ကြောင့်လည်း သူ့ခံစားချက်ကို နှလုံးသားတစ်နေရာ၌ သော့ခတ်သိမ်းဆည်း ထားခဲ့တာ ဖြစ်သည်။

ယခု သူတွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိုနှလုံးသားဆန္ဒသော့တစ်စုံမှာ ကျိုးပျက်သွားခဲ့ပြီး နာကျင်မှုနှင့် မလိုလားခြင်းတွေ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။

မှုလခန္ဒာပိုင်ရှင်၏ ဝိဥာဏ်မှာ လွှင့်ပြယ်ခဲ့ပြီ ဖြစ်ပေမယ့် ထိုသူ၏ စိတ်ဆန္ဒ အကြွင်းအကျန်ကို သူ့လို သတ်ဖြတ်ခြင်းနတ်ဘုရင်တစ်ဦးမှပင် ရက်ပိုင်းအတွင်း ရှင်းထုပ်ဖို့ရာ မလွယ်ကူခဲ့ပေ။

လွန်ခဲ့တဲ့ရက်တွေက အဆုံးမဲ့တာအိုကျောင်းတော်ဆရာများ၏ ကျင့်ကြံခြင်းနည်းစနစ်ပို့ချမှု အမှားတွေကို စာသင်ချိန်တွေ၌ ထောက်ပြပြောဆိုနိုင်ခဲ့ခြင်းကြောင့် လင်းချူဟန်၏ စိတ်ထဲ၌ သူ့၏ ပုံရိပ်မှာ တိုးတက်လာခဲ့၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now