ဗီလိန်တစ်ဦး၏ ကံကြမ္မာ
အပိုင်း ၁၈၆ဘာသာပြန်.လင်းသန့်
ဂူချန်းဂျီ၏ မေးခွန်းကိုကြားပြီး သက်လတ်ပိုင်းအမျိုးသမီးမှာ ပို၍ပင် တုန်လှုပ်ခြောက်ခြားလာခဲ့သည်။
သို့သော် အပြင်ပန်းတွင်မှု ဟန်မပျက်စေရန် သတိထားထိန်းချုပ်လိုက်ပြီး ရုပ်ဆိုးဆိုးအပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။
"သခင်လေး ဘာအကြောင်းတွေပြောနေတာလဲ။အဲဒါ...အဲဒါတွေအားလုံးက ကောလဟာလတွေပါ။ဒါတစ်ချို့ မသိနားမလည်တဲ့ ငတုံးတစ်ချို့က ဂူချန်းဂျီကို ပုတ်ခတ်ပြောဆိုကြတဲ့ စကားတွေပဲ..။အဲ့ဒီအချိန်တုန်းက လုံထန်ခမျာ လုံးဝကို ကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး မသိရင် ပုရွက်ဆိတ်တစ်ကောင်အတိုင်းပဲ.."
သို့သော် သူမထိုသို့ဆိုလိုက်သည်နှင့် အခန်းတွင်းရှိနေသော လူငယ်များ၏ မျက်လုံးများက ပြူးကျယ်သွားကြကာတို့ပဲ နားကြားမှားလိုက်သလားဟုပင် တွေးမိလိုက်သည်။
အဆုံးတွင် အချို့လူများက မခံရပ်နိုင်တော့ပဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။"ခင်ဗျားကြီး ဘာတွေပြောနေရလဲ။ဘယ်လိုလုပ်ပြီး အရှင်လုံထန်က တရားနည်းကျကျတိုက်ခိုက်တာ ရှုံးနိုင်မှာလဲ"
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...။ခင်ဗျားကြီး ပေါက်ပန်းလေးဆယ်တွေ လာပြောနေတာပဲ ဖြစ်မယ်။ဘယ်နည်းနဲ့မှ ဒိီလိုကိစ္စမျိုး ရှိနိုင်မရာမရှိဘူး...။
"ဟုတ်တယ်...အရှင်လုံထန်က မွေးကတည်းက ပြိုင်ဘက်ကင်းနေခဲ့တဲ့သူလေ။တစ်နေ့ ကမ္ဘာကြီးရဲ့ အထွတ်အထိပ် မှာ ရပ်တည်နေမဲ့သူပဲ။တစ်ခုရှိသေးတာ သူက ကျွန်ုပ်တို့လို ရှေးဟောင်း နတ်ဘုရားသားရဲ မျိုးနွယ်စုရဲ့ လူငယ် ခေါင်းဆောင်တစ်ဦးပဲလေ။ဘယ်လိုလုပ်ပြီး လူသားမျိုးနွယ်တစ်ဦးကို ရှုံးရမှာလဲ"ထိုစကားများကြောင့် သက်လတ်ပိုင်းအမျိုးသမီး၏ ထိတ်လန့်တုန်လှုပ်မှုက ပို၍ပင် ကြီးထွားသွားသည်။
သူမက သူတို့ကိုရပ်ရန် အမိန့်ပေးချင်ခဲ့သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...