လင်းတန်၏သတင်းကြားပြီး လင်းချူဟန်ရပ်နေသည့်နေရာ၌ပင် မှင်သက်သွားခဲ့၏။တစ်ချိန်ထဲတွင် ဂူချန်းဂျီ၏ သတိပေးချက်တွေမှာ အမှန်ဖြစ်နေသည်ကိုလည်း ယုံကြည်လာခဲ့သည်။
ထို့နောက် လင်းချူဟန် သတင်းပို့သူကို လင်းတန်အားမျက်ခြေမပြတ်စောင့်ကြည့်ထားရန် အမိန့်ပေးလိုက်ပြီး ဂူချန်းဂျီထံသို့ ယခုဖြစ်ရပ်ကိုအကြောင်းကြားဖို့ ထွက်လာခဲ့၏။
သူမ၏နှလုံးသားမှာတော့ အေးစက်မှုများနှင့် ပြည့်နေခဲ့ရသည်။
"အခုလို လင်းတန် ပြန်ရှင်လာတယ်ဆိုမှတော့ သူခန္ဓာကိုယ်ကို ဘယ်သူမောင်ပိုင်စီးထားသလဲဆိုတာ သွားကြည့်သင့်တယ်...။"
လင်းတန်သတင်းကို လင်းချူဟန်ထံမှကြားပြီး ဂူချန်းဂျီတခနမှတွေးကာ ပြောလိုက်သည်။
အမှန်တော့ ယခုကိစ္စကို သူစိတ်မဝင်စားဘူးဆိုရင် လိမ်နေတာပဲဖြစ်သည်။
ဤကဲ့သို့အဖြစ်မျိုး ဖြစ်ပျက်လာခဲ့မည့်အချိန်ကို သူသုံးရက်တိုင်သည်ထိ စောင့်မျှော်နေတာ ဖြစ်သည်။
ယခုလို ပွဲကြီးပွဲကောင်းမျိုးကို သူအလွတ်ခံမည်တော့ မဟုတ်ချေ။
ပွဲပြီးပါက လင်းတန်သည် သူ့အတွက်တော့ ကြက်သွန်ဥတစ်လုံးလောက်ပင် တန်ဖိုးရှိတော့မည် မဟုတ်ချေ။
" သူက ပြန်လည်ဝင်စားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား.?။"
"သူ့အနေနဲ့ စွမ်းအားကြီးသူဖြစ်နေမှတော့ ဘာလို့များအမှိုက်တစ်ကောင်ရဲ့ ကိုယ်မှရွေးပြီး ဝင်စားရတာလဲ...?။"
"သခင်လေးပြောတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်....။"
ဂူချန်းဂျီစကားကို လင်းချူဟန်ထောက်ခံလိုက်၏။
သိပ်မကြာလိုက်ပေ။
လင်းတန်ကိုထားရှိသည့် မြေအောက်ခန်းသို့ ရောက်လာကြတော့သည်။
အခန်းဝအနီးတွင် လင်းတန်ကိုစောင့်ကြည့်ရန်အတွက် တာဝန်ပေးခြင်းခံရသည့် လင်းမိသားစုတပည့်မှာ တုန်ရီနေဆဲရှိသည်ကို တွေ့လိုက်၏။
![](https://img.wattpad.com/cover/329914051-288-k191570.jpg)
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...