အပိုင်း ၁၄၁ မှ ၁၄၅

707 52 0
                                    

ဗီလိန်တစ်ဦး၏ကံကြမ္မာ

အပိုင်း(၁၄၁)

"တာအိုနတ်ဘုရားနန်းတော်က တကယ်ကို ကြီးမားကျယ်ပြန့်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ ပြီးတော့ဒီက မရေတွက်နိုင်တဲ့ တောင်တန်းတွေ ကျွန်းဆွယ်တွေရဲ့ အလှအပတွေက  ကျွန်မရဲ့စိတ်ကိုဆွဲဆောင်နေခဲ့တယ်လေ.."

ချီလင်၏ နူးညံ့သိမ်မွေ့သော နှင်းဖြူရောင်မျက်နှာ‌လေးပေါ်၌ မျှော်လင့်ချက်အချို့က ဖြစ်ထွန်းနေခဲ့၏။

ယခင်သူမ၏ အေးစက်ပြီးမာန်မာနကြီးရင့်သော အမှုအယာက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အပြင်ပန်းပုံအရ သူမက သေးသွယ်ပြီး  ချစ်စဖွယ်မိန်းမငယ်လေးအသွင်ရှိနေပေမယ့် သူမ၏ အမှန်တကယ်အသက်က ဂူချန်းဂျီနှင့် အတူတူပဲဖြစ်သည်။

သူမ၏ ဥာဏ်ရည်ဥာဏ်သွေးသည်ကလည်း အတူတူလောက်ဟု ဆိုနိုင်၏။

သူမ၏ သူမ၏ထက်မြက်သောဉာဏ်ရည်ကို ရွယ်တူများကြားတွင် ယှဉ်နိုင်သူက မရှိသလောက် ရှားပါးလှချေသည်။

ယခုလို သူမ ဂူချန်းဂျီနှင့် စကားစမြည်ပြောရန် အနီးတစ်ဝိုက်ကို လိုက်လံပြသရန်တောင်းဆိုလိုက်ခြင်းက ဂူချန်းဂျီနှင့် သူမတို့ကြားရှိဆက်ဆံရေးကို  တိုးတက်စေလိုခြင်းကြောင့် မဟုတ်ပေ။

သူမက ဂူချန်းဂျီနှင့်စကားပြောပြီး သူ့ထံမှအကူအညီတစ်ချို့ကို ရနိုင်မလား‌ သိချင်မိနေခြင်းကြောင့် ဖြစ်ပေသည်။

အကြောင်းက ဂူချန်းဂျီ၏စကားများကို သုံးသပ်ကြည့်ပါက သူသည်လည်း ရီလင်းသည် တားမြစ်အမွေဆက်ခံသူအစစ်မဟုတ်မှန်း သံသယဝင်နေပုံရ၏။

ထိုအချက်က ချီလင်ကို သူငယ်ချင်းဟောင်းတစ်ယောက်ဖြင့် အမှတ်မထင်တွေ့လိုက်ရသည့်အလား ခံစားချက်မျိုးကို ဖြစ်စေ၏။

"ကောင်းပါပြီ မိန်းကလေးချီလင်ဘက်ကတောင်းဆိုလာမှတော့ ဟော့ဒီက ဂူမျိုးနွယ်က ပျော်ပျော်ကြီး လိုက်လျောပေးပါ့မယ်"

ဂူချန်းဂျီက ချီလင်ကိုတစ်ချက် စိုက်ကြည့်လိုက်ပြီး အပြုံးဖြင့် တုံပြန်လိုက်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ