အပိုင်း (၉၆)
ချူဝူကျိပေါ် ဂူချန်းဂျီ နင်းချလိုက်သည်ကို ဂူရှင်းအာမြင်လိုက်ရသည်။
ရုတ်တရပ်ဆိုသလို မေ့မြောနေသည့် ချူဝူကျိတစ်ယောက် နာကျင်စွာ အော်ဟစ်လိုက်၏။
ဂူချန်းဂျိီ၏ နင်းခြေမှုက သူ့အရိုးများကိုပင် ကျိုးကြေသွားစေခဲ့လို့ ဖြစ်သည်။
ဂူချန်းဂျီအသွင်က မည်သည့်ခံစားချက်မျိုးကိုမှ ပြခြင်းမရှိပေ။
မသိပါက ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေလိုက်သကဲ့သို့ ဖြစ်သည်။
"ရှင်းအာ ဒီမြင်ကွင်းကို သေသေချာချာမှတ်ထား ...။"
"ဒါ့မှ နောက်ဆိုမမေ့တော့မှာ...။"
မှင်သက်နေသည့် ဂူရှင်းအာကိုကြည့်ပြီး ဂူချန်းဂျီပြုံးယောင်သန်းလာခဲ့ကာ ပြောလိုက်သည်။
"ကောင်းကင်လျှောက်လမ်းကို တက်မလို့ မဟုတ်လား...။"
"မင်းရဲ့အရည်အချင်းအရဆို ဝမ်းကွဲအကိုတစ်ချိန်ကရောက်ခဲ့နေရာကိုရောက်ဖို့လောက်ကတော့ ခက်ခဲမှာမဟုတ်ဘူး...။"
ဂူချန်းဂျီက တပ်အပ်သေချာနေသည်။
အကြောင်းမှာ ပုံမှန်ဇာတ်ညွန်းအတိုင်းသာဆို ထိုကဲ့သို့ဖြစ်ပျက်လာခဲ့မည်ပဲ ဖြစ်သည်။
ဥာဏ်နီဥာဏ်နက်များသော ချူဝူကျိတစ်ယောက် ဂူရှင်းအာကို လူပုံအလယ်တွင် ရယ်စရာဖြစ်စေရုံမကပဲ မျိုးနွယ်စု တစ်ခုလုံးကိုပါ ထိုကိစ္စကို အာရုံစိုက်စေအောင် လုပ်ခဲ့သည်။
သို့သေည်လည်း မှန်းချက်က နှမ်းထွက်နှင့်မကိုက်ပဲ အဆုံးတွင်ဂူရှင်းအာ၏ စွမ်းဆောင်ရည်က လှောင်ပြောင်နေသည့် လူတိုင်း၏မျက်နှာကို ဖြတ်ရိုက်ခဲ့လေသည်။
ထိုနဲ့တင်မကပဲ ဝမ်းကွဲအကိုဖြစ်သူ သူ့မျက်နှာကိုပါရိုက်နိုင်ခဲ့ပြိီး ၎င်းကိုအခွင့်ကောင်းယူ၍ ဂူရှင်းအာက သူ့ကိုစိန်ခေါ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုသို့ ဇာတ်ညွန်းမျိုးကို ဂူချန်းဂျီ အလွန်ရင်းနှီးကျွမ်းဝင်သောကြောင့် ဇာတ်ညွန်းအတိုင်း အလိုက်သင့်ကစားပေးလိုက်သည်။
YOU ARE READING
ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီးတွေနဲ့တွေ့ပါလေရောသူခမျာ ဗီလိန်ဆိုတော့မင်းသားတွေလို ဇာတာကမခေပဲကံကတော်တော်ဆိုးနေပါတယ်မင်းသားအထောင်းခံဘ...