အပိုင်း ၅၁

618 61 0
                                    

ဒေါ်လေးယွဲ့၏စွမ်းအားကို  ရီလျူလွီအပြည့်အဝပင် ယုံကြည်ထားခြင်းရှိသည်။

တစ်ဖက်တွင်ရှိသည့်အထက်ဘုံမှလာသည့်လူ၏ အစေခံအပေါ်၌ အမည်ခံနတ်ဘုရားအဆင့်ကျင့်ကြံမှုက ကန့်သတ်ချက်တစ်ခုသာဖြစ်သည်ကိုလည်း သူမသိထားခဲ့ပေသည်။

သို့သော်လည်း အဆင့်နိမ့်ကမ္ဘာ၏ကန့်သတ်ချက်ကြောင့် အမည်ခံနတ်ဘုရားအဆင့်ခွန်အားထက်ပိုပြီး ဖော်ထုပ်နိုင်မည်တော့ မဟုတ်ပေ။

ဒေါလေးယွဲ့သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။

သူမ၏အစစ်အမှန်ကျင့်ကြံမှုသည် အမည်ခံနတ်ဘုရားအဆင့်ထက် များစွာသာလွန်နေခြင်း ရှိနေ၏။

သိထားရမည်က နတ်ဘုရားတောင်တန်းဒေသ၏ဘိုးဘေးပင် ဒေါ်လေးယွဲ့၏ရှေ့၌ အသက်ပြင်းပြင်း ရှုရဲသည် မဟုတ်ပေ။

"ကျန်တော်မျိုးမရဲ့ တာဝန်ထားလိုက်ပါ သခင်မလေး...။"

ဒေါ်လေးယွဲ့ ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။

အခုလို သူမ၏သခင်မလေးဖြစ်သူမှ အမိန့်ပေးနေခဲ့မှတော့ သူမငြင်းဆန်လိမ့်မည်တော့ မဟုတ်ပေ။

တစ်ဖက်သူမှာလည်း သူမကဲ့သို့ အထက်ဘုံမှလာသူဖြစ်ပြီး နောက်ခံအင်အားမှာသေးလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ၎င်းကိုသူမဂရုစိုက်ခြင်းမရှိပေ။

တစ်ဖက်လူ၌ အတန်သင့်အားကောင်းသောနောက်ခံမျိုးရှိနေခဲ့ရင်ပင် သူမတို့၏ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကိုအန်တုဖို့ သတ္တိရှိနေမှာမဟုတ်မှန်း သေချာတာ ဖြစ်သည်။

သိပ်မကြာလိုက်ပေ။

၎င်းတို့အကုန်လုံး ထိုနေရာမှထွက်လာခဲ့ကာ ရှေးဟောင်းလင်းမိသားစုတည်ရှိရာသို့ ဦးတည်လိုက်ကြ၏။

၎င်းတို့၏ လင်းမိသားစုထံ၌ဦးတည်နေမှုက လမျက်နှာမြို့ရှိလူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေရသည်။

အကြောင်းမှာ ၎င်းတို့၏ ရန်လိုသည့်အသွင်များက ကောင်းသောသွားခြင်းမျိုး ဖြစ်မနေခဲ့သည်မှာ သိသာနေခဲ့လို့ ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now